အီတလီ ဝန်ကြီးချုပ် မိန်းမရှုပ်တဲ့ ဇာတ်လမ်း အသံမှတ်တမ်း ထွက်ပေါ်လာ

alt

အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီး နှင့် ၎င်း၏ ဖိတ်ကြားခံ အမျိုးသမီး တဦးတို့ အိပ်ဆောင်တွင်း ဇာတ်လမ်း တခုမှ အသံသွင်း တိပ်ခွေ မှတ်တမ်း တခုသည် ဇူလိုင်လ (၂၀)ရက် နေ့မှ စတင်ကာ အင်တာနက်တွင် ပြန့်နှံ့ လာပြီဖြစ်သည်။

ထို မှတ်တမ်းကြောင့် မိန်းကလေးများနှင့် ခြေရှုပ်ရာတွင် နာမည် ကြီးလွန်းသူ အသက် (၇၂)နှစ် အရွယ် ဘီလျံနာ သူဌေးကြီး၏ ဇာတိရုပ်မှာ ပိုမို ပီပြင်လာပြီ ဖြစ်သည်။ ယခု အသံသွင်း မှတ်တမ်းတွင် ဘာလူစကိုနီ နှင့် အပြန်အလှန် စကားပြောနေသူသည် ပက်ထရီဇီယာ ဒီအက်ဒါရီယို ဆိုသူ ပြည့်တန်ဆာ အမျိုးသမီး တဦးဖြစ်ပြီး သူမသည် ၀န်ကြီးချုပ်၏ အထောက်အပံ့ကို ရရှိထားကာ ၀န်ကြီးချုပ် ပြုလုပ် ကျင်းပသော ဧည့်ခံပွဲ များသို့လည်း မကြာခဏ တက်ရောက်ရသူ ဖြစ်သည်။

ပက်ထရီဇီယာ သည် သူမနှင့် ၀န်ကြီးချုပ်တို့၏ ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းအား သတင်းသမားများသို့ ပြောကြား ထားပြီးဖြစ်သလို ရောမမြို့တော်ရှိ ဘာလူစကိုနီ၏ စံအိမ်ကြီးဖြစ်သော ပါလာဇို ဂရာဇီယိုလီ တွင် (၂)ကြိမ်မျှ အတူတွေ့ခဲ့ကြောင်း ပြောကြားခဲ့ ဖူးသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ နှင့် နိုဝင်ဘာလ များအတွင်း ဆုံဖြစ်ခဲ့စဉ်က သူမသည် ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် က ဘာလူစကိုနီကို လက်ဆောင်ပေးထားသည့် အိပ်ယာကြီးတွင် စောင့်ဆိုင်းခဲ့ရကြောင်း ပြောဆိုခဲ့သည်။ သူမတို့ နှစ်ဦး အပြန်အလှန် ပြောဆိုသည့် အသံသွင်း မှတ်တမ်းကို နိုဝင်ဘာလ (၄)ရက်နေ့က သွင်းယူခဲ့ခြင်း ဖြစ်ပြီး အီတလီ ၀န်ကြီးချုပ်က ၎င်း ရေချိုးနေစဉ် ပူတင် လက်ဆောင်ပေးထားသော အိပ်ယာကြီးတွင် စောင့်နေရန် သူမအား ပြောဆိုနေသည့် အသံ ပါရှိခဲ့သည်။

ယခု မှတ်တမ်းကြောင့် ဘာလူစကိုနီ အနေနှင့် နိုင်ငံရေး ပြိုင်ဘက်များ၏ အပြစ်တင် ထိုးနှက်မှုကို ပိုမိုတွေ့ ကြံုရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here