ချုံခို တိုက်ခိုက် ခံရသဖြင့် ပါကစ္စတန် ရဲတပ်ဖွဲ့ဝင်များ သေဆုံး

alt

အကြမ်းဖက် သမားများက ချံုခို တိုက်ခိုက်ခဲ့မှုကြောင့် ပါကစ္စတန် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး (၄)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ (၂၀)ရက် နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် နိုင်ငံ အနောက် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နောက်ထပ် (၂)ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က ကြေညာခဲ့သည်။ ပက်ရှာဝါး မြို့ပြင်မှ ဆာဘန်း ဧရိယာရှိ ရဲတပ်စခန်းသို့ အမည်မသိ စစ်သွေးကြွ တိုက်ခိုက်ရေး သမားများက ဝိုင်းရံ ပစ်ခတ်ခဲ့သဖြင့် ယခုကဲ့သို့ သေဆုံးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် (၂)ဦး တို့သည် တိုက်ခိုက်မှု အတွင်းမှာပင် သေဆုံးခဲ့ပြီး အခြား(၂)ဦးမှာ ဆေးရုံရောက်ပြီးမှ ဒဏ်ရာ ပြင်းထန်လွန်း သဖြင့် ကွယ်လွန် ခဲ့ရသည်။

အခြား ဒဏ်ရာရသူများ ကိုမူ အနီးဆုံး ဆေးရုံသို့ အလျင်အမြန် တင်ပို့ကာ ကုသမှုခံယူ စေခဲ့သည်။ ယခု တိုက်ခိုက်မှု အတွက် မည်သည့် အဖွဲ့အစည်းတွင် တာဝန်ရှိသည်ကို တိတိကျကျ မသိရသေးသော်လည်း ဒေသခံ တာလီဘန် စစ်သွေးကြွများနှင့် ဆက်စပ် နေဖွယ်ရှိသည်။

ထို ဒေသတွင် တိုက်ခိုက်မှုအချို့ ပေါ်ပေါက်ခဲ့ဖူးပြီး ပြီးခဲ့သော သီတင်းပါတ်ကလည်း ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးသည်လည်း သေနတ်နှင့် အပစ်ခံရသဖြင့် ကွယ်လွန်ခဲ့သည်။ ယခုတိုက်ခိုက်မှုများ ပြီးဆုံးသည်နှင့် လက်နက်ကိုင် စစ်သွေးကြွများသည် နေရာမှ ကိုယ်ရောင်ဖျောက် ဆုတ်ခွာသွားသလို မည်သည့် အဖွဲ့အစည်း ကမှလည်း ထို တိုက်ခိုက်မှု အတွက် တာဝန်ရှိကြောင်း ၀န်ခံထားခြင်း မရှိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here