၂၁ရာစု၏ အချိန်အကြာဆုံး နေကြတ်မှုဖြစ်စဉ် တရုတ်နိုင်ငံမှ မြင်တွေ့ ရမည်

alt

(၂၁) ရာစု၏ အချိန် အကြာဆုံး နေအပြည့် ကြတ်မှု ဖြစ်စဉ်အား အာရှဒေသမှ တွေ့မြင် ရမည် ဖြစ်ကြောင်း သိရှိရသည်။

ရာစုနှစ် အတွင်း အချိန်အကြာဆုံး နေအပြည့် ကြတ်မှုကို (၆)မိနစ် ကျော်မျှ အိန္ဒိယ နှင့် တရုတ်နိုင်ငံ နေရာ အတော် များများက ဇူလိုင်လ (၂၂)ရက် နေ့တွင် တွေ့မြင်ရမည် ဖြစ်သည်။ ရှန်ဟိုင်းတွင် နေအပြည့် ကြတ်မှုကြောင့် နေ့ခင်း ကြောင်တောင် အမှောင် ကျသွားမှုကို (၅)မိနစ်မျှ တွေ့မြင်ရမည်ဟု ခန့်မှန်း ထားကြသည်။

အမေရိကန် အမျိုးသား အာကာသသိပ္ပံ ညွှန်ကြားရေး အဖွဲ့က ရာစုနှစ်အတွင်း ကမာ္ဘနှင့် နေကြားသို့ လ ကကျရောက်သဖြင့် နေအပြည့် ကြတ်မှုကို ယခုနှစ်တွင် အချိန်အကြာဆုံး မြင်ရလိမ့်မည်ဟု အတည်ပြုထားသည်။ ထိုမြင်ကွင်းကို အာရှတိုက် အရှေ့ဘက် ဒေသများသည် အချိန်ကာလ မတူညီဘဲ တွေ့မြင် ကြရမည်ဖြစ်သည်။

ဇူလိုင် (၂၂)ရက် နေကြတ်မှုသည် တရုတ် နှင့် အိန္ဒိယ နိုင်ငံများ၏ ကမာ္ဘလှည့် ခရီးသွား လုပ်ငန်းများအတွက် အကျိုး ဖြစ်ထွန်းစေခဲ့ပြီး နေအပြည့် ကြတ်မှုကို စောင့်ကြည့်ရန် ကမာ္ဘလှည့် ခရီးသည် အမြောက်အမြား ၀င်ရောက် လာကြသည်။ တရုတ်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်သော ရှန်ဟိုင်းကမာ္ဘ့ ငွေကြေးစင်တာသည် နေအပြည့် ကြတ်မှုအား အဆောက်အအုံပေါ်မှ တက်ရောက် ကြည့်ရှုခွင့် အတွက် Package တခုလျှင် (၄၁၄) ဒေါ်လာဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here