စီရော်နာဒို ကဲ့သို့ ဂိုးများသွင်းရန် အသင့်ရှိဟု အိုဝင် ကတိပြု

alt

၎င်းအနေနှင့် အသင်းမှ ထွက်ခွာသွားသော ခရစ်စတီယာနို ရော်နာဒို ကဲ့သို့ ဂိုး အမြောက်အမြား သွင်းယူပေးရန် အသင့်ရှိကြောင်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် မိုက်ကယ်အိုဝင် က ကတိ ပြုလိုက်သည်။

ရော်နာဒို ၏ ကျောနံပါတ်(၇)ကို ဆက်ခံ ရယူထားသည့် အသက် (၂၉)နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်းသည် မလေးရှား အကောင်းဆုံး (၁၁)ယောက် အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် ဂိုးသွင်း ယူပေးခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာသည် ရာသီကြို ခြေစမ်းပွဲအဖြစ် အရှေ့တောင် အာရှသို့ ရောက်ရှိနေခဲ့ပြီး ဇူလိုင် (၁၈)ရက် နေ့က မလေးရှား အသင်းကို (၃-၂)ဖြင့် အနိုင် ရရှိခဲ့သည်။ လီဗာပူးနှင့် ရီးရဲလ် မက်ဒရစ် တို့တွင်လည်း ကစားခဲ့ဖူးသည့် အိုဝင်က တကမာ္ဘလုံးသို့ မန်ချက်စတာ အတွက် ၎င်းဘာလုပ် ပြနိုင်သည်ကို သက်သေ ထူသွားရန် အသင့်ရှိကြောင်း The Sun သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ဂျော့စ်ဘတ်၊ ဘရိုင်ယန်ရော့ဆင်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနှင့် ရော်နာဒိုတို့ ၀တ်ဆင်ခဲ့သော အစဉ်အလာ ကြီးမားသည့် မန်ချက်စတာ၏ ကျောနံပါတ် (၇)အတွက်လည်း ဖိအား မရှိပါဟု အိုဝင်က ဆိုသည်။ ထိုနံပါတ်ကို ၀တ်ဆင်ရသည့် အတွက် ဂုဏ်ယူမိသလို ယုံကြည်ချက်လည်း မြင့်မားလာခဲ့ကြောင်း၊ မန်ချက်စတာ အတွက် အရေးပါသော ဂိုး အမြောက်အမြားကို သွင်းပေး သွားမည်ဖြစ်ကြောင်း အိုဝင်က ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here