လူမျိုးရေး အဓိကရုဏ်းများ အတွက် ဟန် လူမျိုးတို့အား တရုတ်အစိုးရ အပြစ်ပေး

alt

အူရမ်ကွီတွင် ဖြစ်ပွားခဲ့သော လူရာကျော် သေဆုံး စေသည့် လူမျိုးရေး အဓိကရုဏ်းများ အတွက် ဟန်လူမျိုး များကိုလည်း အပြစ်ပေးရန် ဆုံးဖြတ် ထားကြောင်း ဘေဂျင်း အစိုးရက ကြေညာ လိုက်သည်။

ဇူလိုင်လ (၂၁)ရက် နေ့က ထုတ်ပြန်သော အဆိုပါ ကြေညာချက်သည် ဟန် များနှင့် တိုက်ခိုက်ခဲ့သော အူဂါ များအတွက် တရားမျှတမှု ရှိစေရန် ရည်ရွယ်ချက်ကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ် အစိုးရက ဆိုသည်။ နိုင်ငံ အနောက် ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲများကို စတင်ခဲ့သည့် အူဂါ များကို အရေးယူမည် ဖြစ်သလို ကြမ်းတမ်း ရက်စက်စွာ လက်တုန့်ပြန်ခဲ့သူ ဟန် များကိုလည်း ဥပဒေအရ အပြစ်ပေးရန် စီစဉ် ထားကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

ဇူလိုင် (၅)ရက်နေ့ နောက်ပိုင်း ဖြစ်ရပ်များတွင် အကြမ်းဖက်မှုများကို အူဂါများရော၊ ဟန်များပါ ကျူးလွန်ခဲ့သည့် အထောက်အထားများ တွေ့ခဲ့ရကြောင်း တရုတ် အစိုးရက ဆိုသည်။ လူမျိုးရေး မုန်းတီး သတ်ဖြတ်မှု များကြောင့် ထို အဓိကရုဏ်း အတွင်း လူ(၁၉၇)ဦး ထက်မနည်း သေဆုံးခဲ့သလို (၁၇၀၀) ကျော်လည်း ဒဏ်ရာများ ရရှိခဲ့ရသည်။

တရုတ် အစိုးရမှ ထုတ်ပြန်သော စာရင်းအရ သေဆုံး သူများအနက် (၄၆)ဦးမှာ အူဂါများ ဖြစ်ပြီး (၁၃၇)ဦးမှာ ဟန် များဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အနေအထားအရ အူရမ်ကွီ တွင် တရားဥပဒေ စိုးမိုးမှုကို ပြန်လည် ရရှိနေပြီဖြစ်ပြီး သွေးထွက်သံယို ဖြစ်ရပ်များ အတွင်း အပြစ်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here