āဂျိုလီနှင့် ကြော်ငြာရိုက်မည် ဆိုခြင်းအား ဒေးဗစ်ဘက်ဟမ်း ငြင်းဆို

alt

အိန်ဂျယ်လီနာ ဂျိုလီ နှင့် ကြော်ငြာ တွဲရိုက်မည် ဆိုသော ဖော်ပြချက်များကို ဒေးဗစ်ဘက်ခမ်း က ငြင်းဆန် လိုက်သည်။

သတင်းများတွင် ဖော်ပြ နေသကဲ့သို့ Wanted မင်းသမီး ဂျိုလီ နှင့် အတွင်းခံ ကြော်ငြာ တွဲရိုက်မည် ဆိုသည်မှာ လုံးဝ မဟုတ်ပါဟု ဘက်ခမ်း က ဆိုသည်။

၎င်းသည် ဇနီးသည် ဖြစ်သော Spice Girls အဖွဲ့ အဆိုတော်ဟောင်း ဗစ်တိုးရီးယား နှင့် Armani အတွင်းခံ ဝတ်စုံ ကြော်ငြာများ တွဲဖက် ရိုက်ကူးထားသူ ဖြစ်သည်။ သို့သော်လည်း မကြာသေးမီ ကမှ Armani နှင့် စာချုပ်လိုက်သော ဂျိုလီ နှင့် အတွင်းခံ ၀တ်စုံ ကြော်ငြာများ တွဲဖက် ရိုက်ကူးရန် အစီအစဉ် လုံးဝ မရှိပါဟု အင်္ဂလန် ဘောလုံးစတားက အတည်ပြု ပြောကြားခဲ့သည်။

ထိုသို့ ငြင်းဆန်ရခြင်းသည် ၎င်းမှာ အိမ်ထောင်သည် တယောက် ဖြစ်နေပြီး အတွင်းခံ အဝတ်အစားများကို ဇနီးသည် မဟုတ်သော အခြား အမျိုးသမီးတစ်ဦး နှင့် တွဲပြီး ကြော်ငြာရန် စိတ်မပါသောကြောင့်ဟု Armani နှင့် (၂၀၀၇)ခုနှစ် ကတည်းက လက်တွဲခဲ့သည် ဘက်ခမ်း က ဆိုသည်။

ဘက်ခမ်း၏ ငြင်းဆန်မှုကြောင့် မတူညီသော နယ်ပယ် နှစ်ခုတွင် ကမာ္ဘကျော်နေသည့် ဘက်ခမ်းနှင့် ဂျိုလီ တို့ကို တွဲဖက်ပေးကာ ကြော်ငြာ ရိုက်ကူးလိုသည့် Armani အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here