အမ်မီဝိုင်းဟောက် ခင်ပွန်းသည်နှင့် ကွာရှင်းခွင့်ရ

alt

၂နှစ်ကျော်မျှ ကြာမြင့် ခဲ့ပြီးနောက် ဗြိတိန် R&B အဆိုတော် အမ်မီ ၀ုိင်းဟောက် သည် ခင်ပွန်းသည် နှင့် ကွာရှင်းခွင့် ရရှိသွားပြီ ဖြစ်သည်။

သူမတို့ နှစ်ဦး၏ အကွဲအပြဲ ဇာတ်လမ်းသည် ဘလိတ် ဖီဒါဆီဗယ် ထောင်ကျစဉ် ကတည်းက မကြာခဏ ထွက်ပေါ် လာခဲ့သော်လည်း ဇူလိုင်လ (၁၆)ရက် နေ့ကျမှ အတည် ဖြစ်လာခဲ့ခြင်းဟု သိရသည်။

ထိုနေ့က လန်ဒန် တရားရုံးတော်သည် အမ်မီ နှင့် ဖီဒါဆီဗယ်တို့ ကွာရှင်းရေး လျှောက်ထားမှု များအတွက် အတည်ပြုအမိန့် ဒီကရီတခု ချမှတ် ပေးခဲ့သည်။ အမ်မီသည် ကာရေဘီယန် ဒေသရှိ စိန့်လူးဝစ် ကျွန်းသို့ (၈)လကြာ အလည်အပတ် သွားရောက် နေခဲ့စဉ်က အခြားသော ယောက်ျားများနှင့် မှောက်မှားခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ၀န်ခံ ခဲ့ပြီးနောက် သူမ တို့နှစ်ဦး၏ အိမ်ထောင်ရေး အခြေအနေမှာ အဆိုးရွားဆုံးသို့ ရောက်ရှိ လာခဲ့သည်။

တရားရုံးက စီရင်ချက် ချမှတ် ပေးသောနေ့တွင် အမ်မီ ကို ဖီဒါဆီဗယ်ပါ ရောက်မလာဘဲ ၎င်းတို့၏ ရှေ့နေများ ကသာ တရားခွင်သို့ လာရောက် ခဲ့ကြသည်။ ကွာရှင်းမှုနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက တစုံတရာ ကြေညာခြင်း မရှိသေးဟုလည်း သိရသည်။

ကွာရှင်း ပြီးနောက် ငွေကြေးဆိုင်ရာ ခွဲဝေမှုကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဖီဒါဆီဗယ်က ပေါင် (၆)သန်းခန့် ရရှိလိုကြောင်း တောင်းဆို သွားနိုင်ကြောင်း သတင်းများက ရေးသား ဖော်ပြလျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here