အာဖရိက ဒေသ HIV/AIDS ဆေးဝါး စမ်းသပ်မှု အကျိုးမရှိ ဟုဆို

alt

အာဖရိက ဒေသရှိ ဆေးခန်းများတွင် ပြုလုပ်နေသည့် HIV/AIDS ရောဂါ ဆေးဝါး စမ်းသပ်မှုများသည် အကျိုး ဖြစ်ထွန်းမှု မရှိကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

Dart ဆေးခန်းတွင် စမ်းသပ်နေသည့် အစီရင် ခံစာများကို တောင်အာဖရိကရှိ နိုင်ငံတကာ ကွန်ဖရင့်တွင် တင်ပြခဲ့ရာ ထိုစမ်းသပ် ဆေးဝါးများကို ဈေးနှုန်းပိုမို သက်သာစွာနှင့် ပိုမိုလွယ်ကူစွာ ရရှိရန် လိုအပ်ကြောင်း ဖော်ပြ ပါရှိသည်။

ထို့အပြင် စစ်တမ်း ကောက်ခံမှုများအရ ဆေးဝါးကြောင့် သက်တမ်း ရှည်ကြာစွာ နေထိုင်ရသူ အရေအတွက်မှာ ရာခိုင်နှုန်း အလွန် နည်းပါးသဖြင့် စီမံကိန်းသည် အောင်မြင်မှုမရှိဟု သတ်မှ ရမည်ဖြစ်ကြောင်း သိရသည်။ အာဖရိကသည် HIV ရောဂါပိုး ပြန့်နှံ့မှု အလျင်မြန်၊ အကျယ်ပြန့်ဆုံး ဒေသတခု ဖြစ်ပြီး လူဦးရေ (၆) သန်းကျော်သည် ထိုဆေးဝါး ကုသမှုကို အရေးပေါ် လိုအပ်နေသည့်တိုင် ပြည့်မီအောင် ဖြည့်ဆည်းရေးမှာ မဖြစ်နိုင်သေးပေ။

ပညာရှင်များက လက်ရှိ စမ်းသပ်နေသော ဆေးဝါးများသည် HIV ပိုးနှင့် AIDS ရောဂါကို အပြည့်အဝ ချေမှုန်းနိုင်ခြင်း မရှိသေးသော်လည်း ရောဂါကို တုန့်ပြန် တွန်းလှန်ရာတွင် အကျိုး အာနိသင် ရှိနေကြောင်းကိုမူ အတည်ပြုခဲ့သည်။ သို့သော်လည်း အာဖရိက ကျေးလက်ဒေသ များထိ ဆေးဝါးထောက်ပံ့ရေး လုပ်ငန်းများမှာမူ မျှော်လင့်သလောက် ခရီး မရောက်သေးပေ။

ယခု စီမံကိန်း မအောင်မြင်ရခြင်း၏ အဓိက ပြဿနာ တရပ်မှာ ဆေးဝါး၏ အာနိသင် ဖြစ်ထွန်းမှုကို အပြည့်အဝ မှတ်တမ်းတင်နိုင်သည့် ခေတ်မီ ဓာတ်ခွဲခန်းများ အလွန်နည်းပါးခြင်းလည်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here