ဂျနီဖာ အနစ္စတန် မိခင် တစ်ဦး ဖြစ်ချင်နေ

alt

ဂျင်နီဖာ အင်နစ္စတန်က သူမသည် မိခင်တစ်ဦး၏ ဘဝကို အလွန်မျှော်လင့် တောင့်တမိကြောင်း ဝန်ခံလိုက်သည်။ Marley and Me ဇာတ်ကားမှ မင်းသမီးသည် ဘရက်ပစ် နှင့် လက်ထပ် ခဲ့ဖူးသလို

ကွာရှင်း ခဲ့ပြီးနောက်ပိုင်း ဗင်စီဗန့်၊ ဂျွန်မေယာ၊ ဘရက်ဒလေ ကူးပါး စသည့် နာမည်ကျော် များနှင့်လည်း ချစ်ရည်လူး ဇာတ်လမ်း ဖြစ်ဖူးသော်လည်း သားသမီး ဖွားမြင်ခဲ့ခြင်း မရှိပေ။

အသက်(၄၀) ရှိပြီဖြစ်သော အင်နစ္စတန်က သူမသည် မိခင် တစ်ဦးဘဝသို့ ရောက်ရှိပြီးနောက် သားသမီးများနှင့် ဘဝကို စိုစိုပြေပြေ ဖြတ်သန်းလိုစိတ် ပြင်းထန်နေကြောင်း၊ ထိုဘဝမျိုးသည် သူမအမြဲတမ်း စိတ်ကူးယဉ်နေသော အိပ်မက်လေးလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်နစ္စတန်က သူမသည် ကလေး ချစ်တတ်သူ ဖြစ်သော်လည်း သားသမီး မရသေးသည့် အတွက် စိတ်မကောင်း ဖြစ်နေမိသည် ဟုလည်း ၀န်ခံခဲ့သည်။ အင်နစ္စတန်သည် မေယာ နှင့် လူသိရှင်ကြား တွဲနေပြီးမှ လမ်းခွဲ ခဲ့ပြီးနောက်ပိုင်း အတည်တကျ တွဲနေသူ မရှိခဲ့သော်လည်း ယခုအခါ The Bounty ဇာတ်ကားတွင် တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသား ဂျာရတ် ဘတ်တလာနှင့် ဇာတ်လမ်း ဖြစ်နေကြောင်း သတင်းကြီး နေသည်။

သို့သော်လည်း အင်နစ္စတန်က ထိုအကြောင်းကို အတည်မပြုဘဲ သူမ၏ ချစ်သူသည် သူမအပေါ် လေးစားပြီး အမှန်တကယ် မြတ်နိုး ရမည်ဟုသာ ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here