နေတိုး ဂျက်တိုက်လေယာဉ် အာဖဂန်နစ္စတန်တွင် ပျက်ကျ

alt

ဇူလိုင်လ (၂၀)ရက် နေ့က အာဖဂန်နစ္စတန် တောင်ပိုင်းရှိ လေတပ် စခန်းတခုတွင် NATO တပ်ဖွဲ့ပိုင် ဂျက်တိုက် လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း သိရှိရသည်။

ထိုနေ့ မတိုင်မီ တရက်ကလည်း အဆိုပါ ကန်ဒါဟာ လေတပ်စခန်းမှ ရုရှားလုပ် အရပ်ဘက် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့သေးရာ လူ(၁၆)ဦး သေဆုံး ခဲ့ရသေးသည်။

ထို Mi-8 ရဟတ်ယာဉ်သည် လေတပ်စခန်းမှ ပျံအတက်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် (၅)ဦး ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံး သူများ၏ အသေးစိတ် အချက်အလက် များကိုမူ ကြေညာထားခြင်း မရှိသေးပေ။

ယခု နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်လေယာဉ် ပျက်ကျမှုတွင်မူ သေဆုံးသူ မရှိဘဲ လေယာဉ်မှူး (၂)ဦးသည် လေယာဉ် အမိုးကိုဖွင့်ကာ လွတ်မြောက်လာကြောင်း လေတပ်စခန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ NATO တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည့် ဗိုလ်ကြီးရူဘင် ဟူကာလေ က တိုက်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။

၎င်း၏ အဆိုအရ လေယာဉ်မှူး နှစ်ဦးသည် လေထဲတွင်ပင် လေယာဉ် မီးလောင်နေသည်ကို သတိပြုမိခဲ့ကြောင်း သိရသည်။ ကန်ဒါဟာ လေတပ်စခန်းသည် အာဖဂန် တောင်ပိုင်းတွင် အကြီးမားဆုံး စစ်အခြေစိုက် စခန်းတခု ဖြစ်သော်လည်း အခြားအရပ်ဘက် လေယာဉ် အမြောက်အမြားလည်း အဆင်းအတက် ပြုလုပ်လေ့ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here