အံ့ဩစရာ ကောင်းအောင် ထူးချွန်သူဟု စီရော်နယ်ဒိုအား မယ်ဆယ်လို သုံးသပ်

alt

ခရစ်စတီယာနို ရော်နာဒို သည် အံ့ဩစရာ ကောင်းလောက်အောင် ထူးချွန်သူ ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းဖော် မာဆယ်လိုက သုံးသပ် ပြောဆိုခဲ့သည်။

ပေါ်တူဂီ လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် မန်ချက်စတာ ယူနိုက်တက်မှ ကမာ္ဘ့ စံချိန်တင် ပမာဏဖြစ်သော ပေါင်စတာလင် သန်း(၈၀)ဖြင့် ရီးရဲလ်သို့ ရောက်ရှိ လာပြီးနောက် အိုင်ယာလန်တွင် အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းခဲ့ရာ ရော်နာဒို၏ စွမ်းဆောင်မှုများကို မာဆယ်လိုက အထင်ကြီး နေခဲ့ခြင်း ဖြစ်သည်။

ဘရာဇီး လက်ရွေးစင် တောင်ပံခံစစ်မှူးက လေ့ကျင့်ရေး ကွင်းတွင် မိုက်ကယ် ဆယ်ဂါဒို အား လှည့်စား ကျော်ဖြတ်သွားသည့် ရော်နာဒို၏ ကစားဟန်သည် အလွန် လှပကြောင်း၊ ၎င်း၏ ခြေအနှုတ်အသိမ်း နှင့် ကျွမ်းကျင်မှုသည် ယုံနိုင်စရာ မရှိကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ရီကာဒို ကာကာ၊ ရော်နာဒို တို့နှင့် တွဲဖက် ကစားနေရခြင်းဖြင့် ၎င်း၏ခြေစွမ်းသည် ပိုမိုတိုးတက် လာမည်ဟု ယုံကြည်ထားကြောင်း မာဆယ်လိုက ပြောကြားခဲ့သည်။ ရီးရဲလ်နည်းပြ မန်နျူရယ် ပက်ဂလီယာနီ ကလည်း ရော်နာဒိုကို ချီးကျူး ပြောဆိုခဲ့သေးသည်။

မာဆယ်လိုက ၎င်းသည် ရီးရဲလ်၏ ကမာ္ဘကျော်များကို ဈေးကြီးပေး ခေါ်ယူနေမှု အတွက် ကျေနပ်ကြောင်းနှင့် အချို့သူများက ထိုကိစ္စအပေါ် ကန့်ကွက်နေသည့် အတွက် နားမလည် နိုင်အောင် ဖြစ်မိကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here