ဂျကာတာ ဟိုတယ် အသေခံ ဗုံးခွဲခဲ့သူများနှင့် လုံခြုံရေးအဖွဲ့တို့ ထိပ်တိုက် တွေ့ခဲ့ကြ

alt

ဂျာကာတာ မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု များအတွင်း မိမိကိုယ်ကိုယ် အသေခံ ဗုံးခွဲခဲ့သူ နှစ်ဦးတို့အား ဟိုတယ် ၀န်ထမ်းများက ဖမ်းဆီးနိုင်ရန် ကြိုးပမ်း ခဲ့သေးကြောင်း သိရှိရသည်။

မယ်ရီယော့နှင့် ရဇ်စ်ဟိုတယ် များကို ဇူလိုင်လ (၁၇)ရက် နေ့က ဗုံးခွဲခဲ့မှု များသည် အသေခံ ဗုံးခွဲမှုများဟု ဖော်ထုတ် နိုင်ခဲ့ပြီးနောက် တာဝန် ရှိသူများက ကင်မရာ မှတ်တမ်းများကို အသေအချာ ပြန်လည် စစ်ဆေးခဲ့ကြသည်။

မှတ်တမ်း များအရ ဗုံးခွဲရန် ကြိုးစား ခဲ့သူများသည် ၎င်းတို့ ကိုယ်တွင် ချည်နှောင် လာသော ဖောက်ခွဲရေး ကိရိယာများကို စနက်တံ မဖြုတ်ရသေးမီ မိနစ်ပိုင်းမျှ အလိုတွင် ယင်းတို့၏ မသင်္ကာစရာ အပြုအမူများကြောင့် ဟိုတယ် လုံခြံုရေးများက လုံးထွေး ဖမ်းဆီးရန် ကြိုးပမ်းခဲ့သေးကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

မယ်ရီယော ဟိုတယ်အတွင်း ၀င်ရောက်လာသူ ဖောက်ခွဲရေးသမားသည် အိတ်တလုံးကို ရင်ဘတ်တွင် လွယ်လာပြီး ခရီးဆောင် သေတ္တာတလုံးကို ဆွဲလာကာ ဓာတ်လှေကားမှ တဆင့် ရောက်ရှိ လာပြီးနောက် လုံခြံုရေးများအား ၎င်းသည် သူဌေးထံသို့ ပစ္စည်း လာပို့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဟိုတယ်မှ လုံခြံုရေး တာဝန်ခံ အလန်အောလော့က ပြောကြားခဲ့သည်။

ရဇ်စ် ဟိုတယ်တွင် ဗုံးခွဲခဲ့သည့် အကြမ်းဖက် သမားမှာမူ ယင်းသည် အခန်းအမှတ် (၂၇၀၁)တွင် နေထိုင်သူ ဖြစ်ကြောင်း၊ မနက်စာ မှာလိုသောကြောင့် ဆင်းလာခြင်း ဖြစ်ကြောင်း စားပွဲထိုးများအား ပြောကြား ခဲ့သေးသည်။ ယူထပြည်နယ် ဆော့လိတ်စီးတီးတွင် လုံခြံုရေး တပ်ဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်ဖူးသော အောလော့က လုံခြံုရေးများ အနေနှင့် ထိုသူနှစ်ဦးအား ဖမ်းဆီးရန် မကြိုးစားလျှင်လည်း ၎င်းတို့မှာ ဖောက်ခွဲရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ အခြေနေမှာ ပြောင်းလဲ၍ မရနိုင်တော့ကြောင်း ဂျာကာတာ မြို့တော် သတင်းဌာန တခုမှ ပြုလုပ်သော အင်တာဗျူး အတွင်း ပြောကြားသွားသည်။ အင်ဒိုနီးရှား အစိုးရသည် ယခု ကိစ္စအတွက် စုံစမ်းနေဆဲ ဖြစ်ပြီး အကြမ်းဖက် သမားများအား ပြစ်တင် ပြောဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here