အီရန် အစိုးရ ဖမ်းဆီးထားသည့် ဗြိတိန်သံရုံး ဝန်ထမ်းများ အားလုံးလွတ်မြောက်လာ

alt

အီရန် အစိုးရက ဖမ်းဆီးထားသည့် အီရန် နိုင်ငံသား ဗြိတိသျှသံရုံး အမှုထမ်းများ အနက် နောက်ဆုံး တဦးကို ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်သည်။

အီရန် အာဏာပိုင် များသည် ဇွန်လ (၁၂)ရက် နေ့က ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲ ရလဒ် ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် လှုံ့ဆော်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် သံရုံးဝန်ထမ်း (၉)ယောက်ကို ဖမ်းဆီး ထားခဲ့သည်။

ယခု အခါတွင် ၀န်ထမ်း အားလုံးကို ပြန်လွှတ် လိုက်ပြီဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ဒေးဗစ်မဲဘန်းက ပြောကြားခဲ့သည်။ သံရုံး၏ အကြီးတန်း နိုင်ငံရေး အကဲခတ် တဦးဖြစ်သူ ဟိုစိန် ရက်ဆမ် အား ရီယယ်ငွေ တစ်ဘီလျံ (အမေရိကန် ဒေါ်လာ တသိန်း) တန် အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ကြောင်း ၎င်း၏ ရှေ့နေ အက်ဘဒေါ ဆာမက် ခိုရမ်ရှာဟီက ပြောကြားခဲ့သည်။

အီရန် အစိုးရသည် ဖမ်းဆီးခံ ထားရသူများအား မည်သို့ စစ်ဆေးခဲ့သည်ကိုမူ ပြောကြားသွားခြင်း လုံးဝ မရှိပေ။ မဲဘန်းက ၎င်းတို့သည် အီရန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ မာနူချဟာ မိုတာကီ နှင့် ဆက်သွယ်ကာ ၀န်ထမ်းများ ပြန်လည် လွတ်မြောက်ရေး ကြိုးစား တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန် အစိုးရသည် ရမ်ဆမ် ဥပုပ်လ မတိုင်မီကလည်း ဖမ်းဆီးထားသူ အခြား(၈)ဦးအား ပြန်လွှတ် ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here