အလွန်ဆို ကို ရောင်းချ၍ ဒေးဗစ်ဆေးဗား ကို လီဗားပူး ဝယ်မည် သတင်းထွက်

alt

လီဗာပူး အသင်းသည် ဇာဘီ အလွန်ဆို အား ရောင်းချပြီး ဒေးဗစ် ဆေးဗား ကို ပြန်ခေါ်ရန် အလို ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။

အလွန်ဆို သည် စပိန်ထိပ်သီး ရီးရဲလ် မက်ဒရစ်မှ ယူရို (၃၅)သန်းဖြင့် ကမ်းလှမ်းခြင်း ခံထားရသူ ဖြစ်ပြီး အသင်းမှ ထွက်ခွာရန် အလို ရှိနေသည်။ လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ်က အလွန်ဆိုအား လက်လွှတ် လိုက်ရလျှင် ဗလန်စီယာမှ အသက်(၂၂)နှစ်ရှိ စပိန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးလေး ဗီလာကို ပြန်ခေါ်ရန် မျက်စိ ကျလျှက်ရှိသည်။

ဗီလာသည် ဗလန်စီယာတွင် အထူး ခြေစွမ်းပြနေပြီး နောက် ဥရောပ ကလပ် အသင်းကြီး အတော်များများ၏ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်သည်။ ဘင်နီတက်စ် အနေနှင့် ဘေယန်မြူးနစ် မှ တောင်ပံ တိုက်စစ်မှူး ဖရန့်ရစ်ဘာရီကို ကြိုးပမ်း ခဲ့သေးသော်လည်း ဘေယန်က ယတိပြတ် ငြင်းပယ် ခဲ့ပြီးနောက် ဆေးဗားဘက်သို့ အာရုံပြောင်း လာခြင်းဖြစ်သည်။

အလွန်ဆို သာ ရီးရဲလ်သို့ ပြောင်းရွှေ့ပါက ဘင်နီတက်စ် သည် အာဂျင်တီးနား ကွင်းလယ် ကစားသမား ဟာဗေးရား မာချီယာနိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ရေး အပြင်းအထန် ကြိုးပမ်း လာနိုင်ကြောင်းလည်း သတင်းများက ရေးသား ဖော်ပြလျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here