မြန်မာကြောင့် အာဆီယံ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ ထိခိုက်နေရ

alt

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ မရှိတဲ့ အခြေအနေများ ကြောင့် အာဆီယံ အဖွဲ့ကြီး ရဲ့ ဂုဏ်သိက္ခာ ထိခိုက် နေရတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan)

က မနေ့က ( တနင်္လာနေ့မှာ ) အသိ အမှတ်ပြု ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသအတွက် ပထမဆုံး လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကို အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ မနေ့က သဘောတူ ခဲ့ကြပြီး၊ အဆိုပါ လူ့အခွင့်အရေး ကော်မရှင် ရဲ့ မူကြမ်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး အပြစ်ပေး နိုင်တဲ့ လုပ်ပိုင်ခွင့်တွေ၊ မြန်မာနိုင်ငံ က လူ့အခွင့်အရေး ချိုးဖောက်တဲ့ မှတ်တမ်းတွေ အပြင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့မှာ လူ့အခွင့်အရေး ဆိုင်ရာ ထောက်ပြ စရာတွေ ရှိနေတာကြောင့် အာဆီယံ လူ့အခွင့်အရေး ကော်မရှင် အပေါ် ဝေဖန်မှုတွေ ထွက်ပေါ် ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာဖို့ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပြီး၊ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ တရားဝင် ထုတ်ပြန်ချက် ထဲမှာ မြန်မာ စစ်အစိုးရ က ပြည်ပမှ ၀င်ရောက် စွက်ဖက်မှုတွေ ကို ကန့်ကွက်ကြောင်း ဖော်ပြ ထားကာ၊ ယခုလို ဝင်ရောက် စွက်ဖက်မှုတွေ ကြောင့် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အနှောင့်အယှက် ဖြစ်နေ ရတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

(၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ အစည်းအဝေး မှ စစ်မှန်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင် လာနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ကို ပြန်လွှတ်ပေးရန် တောင်းဆို လိုက်ပြီး၊ ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင် သင့်သူ အားလုံးကို ပါ၀င် ခွင့်ပေးသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here