အမေရိကန် Bay Watch ရုပ်သံ ဇာတ်လမ်း မင်းသမီး အသစ်များဖြင့် ဗြိတိန်ပြန်လည် ရိုက်ကူးမည်

alt

American ရုပ်ရှင်ဇာတ်လမ်းတွဲ Bay Watch ကို အသစ် ရိုက်ကူးမည့် UK-Watch ဇာတ်လမ်းတွဲ အတွက် မင်းသမီး အဖြစ် ဂျော်ဒန် (ခေါ်) ကေတီပရိုက် အား

ရွေးချယ်လိုက်ကြောင်း ထုတ်လုပ်သူ ဒေးဗစ် ဟာဆယ်ဖိုးက ပြောကြားခဲ့သည်။

ဒေးဗစ်သည် ထိုကားကို ဗြိတိန် Version အဖြစ် ရိုက်ကူးမည် ဖြစ်ပြီး ယခင်က Baywatch ရရှိခဲ့သော အောင်မြင်မှုမျိုး ပိုင်ဆိုင် နိုင်မည်ဟု မျှော်လင့်နေသည်။ ပင်လယ် ကမ်းခြေများတွင် လုံခြံုရေး ဆောင်ရွက် နေရသည့် ၀န်ထမ်းများ၏ ဘဝကို ဖော်ကျူး ရိုက်ကူးထားသည့် Baywatch ဇာတ်ကား ဟောင်းတွင် ပန်မလာ အန်ဒါဆင် နှင့် ကာမန် အီလက်ထရာ တို့က ခေါင်းဆောင် မင်းသမီးများ အဖြစ် ပါ၀င် ထားကြသည်။

ယခု ဇာတ်လမ်းတွဲသစ် UK-Watch ကို ဒါရိုက်တာ အဖြစ် ဂျာရီမီ ဂါရီလက် က လက်ခံ ရိုက်ကူးပေးမည် ဖြစ်သည်။ သားသမီး (၃)ဦး ရရှိနေပြီ ဖြစ်သော Glamour မဂ္ဂဇင်း၏ မော်ဒယ်ဟောင်း ဂျော်ဒန်သည် ယခုအခါတွင် Baywatch ဇာတ်ကား Version အသစ်အတွက် လေ့လာ သင်ယူမှုများ ပြုလုပ်ရန် အမေရိကန်သို့ ရောက်ရှိ နေပြီဖြစ်သည်။

ဇာတ်ကားသစ်တွင် ယခင် မင်းသမီးဟောင်း ပန်မလာ အန်ဒါဆင် လည်း ပါ၀င် လာဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here