အရပ်မြင့်လျှင် ဝင်ငွေပိုကောင်းဟု စစ်တမ်းများကဆို

alt

အရပ် မြင့်သူများသည် ပျမ်းမျှအားဖြင့် ပုသူ များထက် ၀င်ငွေ ပိုကောင်းကြောင်း သုတေသန စစ်တမ်းများက ညွှန်ပြ လျှက်ရှိသည်။

ဩစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ်မှ ပညာရှင်များက လေ့လာ ဆန်းစစ်မှုများအရ အရပ်ရှည် သူများသည် အရပ်ပုသူ များထက် စီးပွားရေးဆိုင်ရာ အတွေးအမြင် ပိုမိုကောင်းမွန်ပြီး ငွေကြေး ရရှိမှုတွင်လည်း ပိုများနိုင်ကြောင်း သိရှိရသည်။

ဩစတြေးလျ ပညာရှင်များ၏ တွေ့ရှိချက်ကို အမေရိကန်နှင့် ဗြိတိသျှ သုတေသီများ ကလည်း မှန်ကန်ကြောင်း ၀ိုင်းဝန်း ထောက်ခံခဲ့ကြသည်။ အမျိုးသား တက္ကသိုလ်မှ စီးပွားရေးဘာသာ ပါမောက္ခဖြစ်သည့် အင်ဒရူးလိတ်က အရပ် (၆)ပေမြင့်သော သူများသည် ၎င်းတို့ထက် အရပ် (၂)လက်မ ပိုပုသူများထက် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဒေါ်လာ (၁၀၀၀)မျှ ပိုမို ရရှိကြောင်း ပြောကြားခဲ့သည်။

အရပ် မြင့်မားခြင်းသည် စီးပွားရေး ကဏ္ဍတွင် လွှမ်းမိုးမှုများ ရှိနေသည် ဆိုသော်လည်း တိကျ သေချာသော ဖော်ပြ ချက်မျိုးကိုမူ ပြသနိုင်ခြင်း မရှိသေးကြောင်း အမေရိကန် သိပ္ပံ ပညာရှင်များက ၀န်ခံခဲ့သည်။ ထို့အပြင် အရပ် အနိမ့်အမြင့် အလိုက် ၀င်ငွေ ကွာခြားမှုသည် လိင် ကွဲပြားမှုတွင်လည်း ယှက်နွယ်နေပြီး အမျိုးသမီး များထက် အမျိုးသားများက ၀င်ငွေ ပိုကောင်းတတ်ကြောင်း သိရသည်။

ပညာရှင်များက ပျမ်းမျှ ရလဒ်များသည် အသက်အရွယ် အပိုင်းအခြားကြောင့် သိသာစွာ ကွာခြားခဲ့မှု မရှိဟု ထုတ်ဖော် ပြောဆို ထားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here