အင်ဒိုနီးရှား ဟိုတယ် အသေခံဗုံး ပေါက်ကွဲမှု လူ(၈)ဦးထက် မနည်းသေဆုံး

alt

အင်ဒိုနီးရှား နိုင်ငံရှိ ဟိုတယ် နှစ်ခုတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု များကြောင့် လူ(၈)ဦး ထက်မနည်း သေဆုံးပြီး ဒါဇင်နှင့် ချီကာ ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြား လိုက်သည်။

ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ဂျာကာတာ မြို့တော်ရှိ ဟိုတယ် နှစ်လုံးတွင်  ပြင်းထန်သော ပေါက်ကွဲမှု တခုစီ ဖြစ်ပွားအပြီး မှန်ကွဲများသည် လမ်းမပေါ်သို့ လွင့်ပျံ့ လာခဲ့ကြောင်း ကိုယ်တွေ့ ကြံုသူများက ဆိုသည်။

ရစ်ဇ်နှင့် မယ်ရီယော့(ထ်) ဟိုတယ်များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် လုံခြံုရေး တပ်ဖွဲ့များသည် အဆိုပါ ဟိုတယ်များသို့ အလျင်အမြန် ရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြရာ အကြမ်းဖက် သမားများ၏ အရိပ်အယောင်ကို မတွေ့ ရတော့ချေ။ ပေါက်ကွဲမှု နှစ်ခုကြား ကွာခြားချိန်သည် (၂)မိနစ် မျှသာရှိကြောင်း အင်ဒိုနီးရှား လုံခြံုရေး ၀န်ကြီးဌာန က ပြောကြားခဲ့ပြီး နိုင်ငံခြားသား များလည်း သေဆုံးကာ၊ ဒဏ်ရာရသူ စာရင်းတွင် ပါ၀င်ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

အထူးသဖြင့် နယူးဇီလန် နိုင်ငံသားများ သေဆုံးခဲ့ကြောင်း လုံခြံုရေးဝန်ကြီး ၀ယ်ဒူ ဒူအာဒေ ဆူကာတိုက ပြောကြားသွားခဲ့သည်။ မယ်ရီယော့(ထ်) ဟိုတယ်တွင် ဦးစွာပေါက်ကွဲပြီးမှ ရစ်ဇ် ဟိုတယ်တွင်လည်း နောက်တကြိမ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လတ်တလော အသေခံဗုံး ပေါက်ကွဲမှုသာ သတ်မှတ်နိုင်ပြီး  ၂၀၀၅ခုနှစ် အောက်တိုဘာလတွင် ဩစတြေးလျား နိုင်ငံသား အများအပြား သေဆုံးသည့် ဂျမားအစ္စလမ်မီးယား၏ ဘာလီကျွန်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုမျိုး နောက်တကြိမ် အင်ဒိုနီးရှားတွင် လက်ရှိ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

ရစ်ဇ်ဟိုတယ်သည် ဇူလိုင်လ (၁၈)ရက် နေ့တွင် အင်ဒိုနီးရှားသို့ လာရောက် ခြေစမ်းမည့် မန်ချက်စတာ ယူနိုက်တက် အသင်း၏ Booking လုပ်ခြင်းကို ခံထားရသော်လည်း ယခု ဖြစ်ရပ်ကြောင့် မန်ချက်စတာ က တည်းခိုရေး အစီအစဉ်ကို အကန့်အသတ်မရှိ ပယ်ဖျက် လိုက်တော့မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here