အမေရိကန်တွင် စီးပွားရေး ကျဆင်းမှုကြောင့် ဗီဒီယိုဂိမ်း ဝယ်ယူသူ လျော့ကျ

alt

အမေရိကန် စီးပွားရေး ကျဆင်းမှုကြောင့် ဗီဒီယိုဂိမ်းများ ၀ယ်ယူ ဆော့ကစားကြသူ အရေအတွက်သည် သိသိသာသာ လျော့ကျ လာနေကြောင်း လေ့လာသူ များကဆိုသည်။

ယခုနှစ် ဇွန်လ အတွင်းက ဂိမ်းနှင့်ဆိုင်သော Hardware၊ Software များ ရောင်းချရသည့် နှုန်းထားသည် စိုးရိမ်စရာ ကောင်းလောက်အောင် လျော့ကျလာပြီး ပျမ်းမျှ ရောင်းအား၏ (၃၁) ရာခိုင်နှုန်း အထိ လျော့ကျ သွားခဲ့ရသည်။

ထို ပမာဏသည် ငွေကြေးအားဖြင့် ဒေါ်လာ (၁.၁၇) ဘီလျံ လျော့ကျ သွားစေခြင်းဖြစ်ပြီး (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း ကာလတွင် အဆိုးရွားဆုံး ဖြစ်ပြီး ထို ရလဒ်သည် ဂိမ်းထုတ်လုပ်သည့် ကုမ္မဏီကြီးများ အပေါ် ကြီးမားစွာ သက်ရောက် စေနိုင်ကြောင်း ထိုစစ်တမ်းကို လေ့လာ ဖော်ထုတ်ခဲ့သည့် NPD မှ လေ့လာသူ အနီတာ ဖရီဇာ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဇွန်လသည် ယခုနှစ် အတွက် (၄)ကြိမ် မြောက် ဂိမ်းရောင်းအား ကျဆင်းသည့်လ ဖြစ်လာခဲ့ကြောင်း ဖရီဇာ က ဆိုသည်။ ယခင်က ဂိမ်း ၀ါသနာရှင ်များသည် စိတ်လှုပ်ရှားဖွယ် ကောင်းသော ဂိမ်းများကို ငွေကုန်ကြေးကျခံ ၀ယ်ယူ ဆော့ကစားခဲ့သော်လည်း ယခုအခါ ငွေကြေးချွေတာသည့် အနေနှင့် Online မှ အခမဲ့ ရသော ဂိမ်းများကိုသာ ကစားလာကြ သဖြင့် ဂိမ်းရောင်းအား ကျဆင်းလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here