အသတ်ခံရသည့် ဗြိတိန် ဆယ်ကျော်သက် လူသတ်တရားခံ ဖော်ထုတ် သွားနိုင်ခဲ့

alt

ဗြိတိန်မှ ငယ်ရွယ်သော မော်ဒယ်လ် မိန်းကလေး တဦးသည် ဓားနှင့် အထိုး ခံရပြီး သေအံ့မူးမူး အချိန်တွင် အရေးပေါ် ဖုန်းနံပါတ်သို့ ခေါ်ဆိုပြီး

သူမအား သတ်ဖြတ်သူကို အကြောင်းကြား သွားခဲ့သည့် အမှုအား ဇူလိုင်လ (၁၆)ရက် နေ့က ကြားနာ စစ်ဆေးခဲ့သည်။

အေမီလေး ဘားနက်(စ်) သည် အသက် (၁၉)နှစ်သာ ရှိသေးသူ ဖြစ်ပြီး သူမ၏ ချစ်သူက သတ်ဖြတ်သဖြင့် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက နေအိမ်တွင် ကွယ်လွန်ခဲ့ရ ရှာသည်။ အေမီသည် သေဆုံးခါနီး အချိန်တွင် အရေးပေါ် တယ်လီဖုန်း နံပါတ် (999)သို့ ကြိုးစားခေါ် ဆိုကာ သူမအား ချစ်သူက ဓားနှင့် ထိုးခဲ့ကြောင်း၊ ယခု သူမ သေရတော့မည် ဖြစ်ကြောင်း Operator အား နောက်ဆုံး ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဖုန်းခေါ်ရာ နေရာကို ရဲတပ်ဖွဲ့က ချက်ချင်း ခြေရာခံပြီး ဆေးရုံ ကားတစင်း စေလွှတ်ခဲ့သော်လည်း သွေးအိုင်ထဲတွင် အသက်ကုန် နေပြီဖြစ်သော အေမီ့ အလောင်းကိုသာ တွေ့ခဲ့ရတော့သည်။ အေမီ၏ ချစ်သူဖြစ်သော ဘောလုံးနည်းပြဟောင်း ရာကာဒို မော်ရစ်ဆင် အား ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီးနောက် မန်ချက်စတာ တရားရုံးတွင် အမှုဖွင့် ကြားနာ စစ်ဆေးခဲ့သည်။

ဇူလိုင်လ (၁၆)ရက် နေ့က အေမီ၏ နောက်ဆုံး စကားများကို အသံသွင်းထားသည့် တိပ်ခွေအား တရားသူကြီးက ဖွင့်ပြခဲ့ရာ တရားခွင်သို့ လာရောက်သည့် အမျိုးသမီး အချို့က ကြေကွဲစွာ ငိုကြွေးခဲ့ရသည်။ အသက် (၂၁)နှစ်ရှိ မော်ရစ်ဆင်သည် ၎င်းအား အေမီ က လမ်းခွဲ ထားခဲ့သဖြင့် မီးဖိုချောင်သုံး ဓားတချောင်းဖြင့် သတ်ပစ်ခဲ့ခြင်းဟု တရားလိုရှေ့နေက စွပ်စွဲထားသော်လည်း မော်ရစ်ဆင်က တရားခွင်တွင် ငြင်းဆန် ထားခဲ့သည်။ တရားခွင်ကို ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here