မြန်မာနိုင်ငံ ဒေသတချို့ ရာသီဥတု ဖောက်ပြန်မှု ဖြစ်ပွား၊ သဘာဝ ဘေးဆိုးများကြံု

alt

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နှင့် ဧရာဝတီတိုင်း တို့တွင် မိုးသည်းထန်ခြင်း၊ လေဆင် နှာမောင်း တိုက်ခတ်ခြင်း တို့ဖြစ်ပွား ခဲ့ကြောင်း The New Light of Myanmar

သတင်းစာက ဇူလိုင်လ (၁၇)ရက် နေ့တွင် ရေးသား ဖော်ပြခဲ့သည်။

ကရင် ပြည်နယ်ရှိ နေအိမ်များသည် မိုးသည်း ထန်ခြင်း၊ တောင်ကျ ချောင်းရေများ စီးဆင်းလာခြင်း တို့ကြောင့် ရေမြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို အဝေးပြေး လမ်းပိုင်း အတော်များများ တွင်လည်း ပျက်စီးမှုများ ပေါ်ပေါက်ခဲ့သည်။ အထူးသဖြင့် ကော့ကရိတ်-မြဝတီ လမ်းပိုင်းတွင် မြေပြိုမှုကြောင့် လမ်း ပိတ်ဆို့မှုများ ဖြစ်ခဲ့သလို တနင်္သာရီတိုင်းရှိ ထားဝယ်-မော်လမြိုင် လမ်းပိုင်းတွင်လည်း ပိတ်ဆို့မှုများ ပေါ်ပေါက်ခဲ့ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။

ထို အချိန်တွင်ပင် ဧရာဝတီတိုင်း တွင်လည်း လေဆင်နှာမောင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကာ လူ(၆)ဦးခန့် ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။ ဇူလိုင်လ (၁၄)ရက် နေ့က အင်အား ကြီးမားသော လေဆင်နှာမောင်းသည် ငပုတော၊ ဟိုင်းကြီးကျွန်း၊ ငွေဆောင်၊ ဘိုကလေး နှင့် ဖျာပုံမြို့ များကို ဖြတ်သန်း တိုက်ခတ်သွားပြီး ပျက်စီး ဆုံးရှုံးမှုများ ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် မိုးသည်းထန်မှု၊ လေပြင်း တိုက်ခတ်မှုများ ဇူလိုင်လ အတွင်း ကြံုတွေ့ နေရပြီး (၅)ရက် နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဒေသတွင် ဥရုချောင်း ရေကြီးပြီး မြေပြိုသဖြင့် လူ(၂၄)ဦး သေဆုံး ခဲ့ရသေးကြောင်း ပြည်တွင်းမှ လာသော သတင်းများအရ သိရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here