လိင်ကိစ္စသည် ပျော်ရွှင် ဝမ်းမြောက်မှုကို ဖြစ်ထွန်းစေ ဟုဆို

alt

ဗြိတိန်ရှိ ကျောင်းသူ ကျောင်းသားများ အတွက် လိင်မှုဆိုင်ရာ အကြံပေးချက် အဖြစ် ထုတ်ဝေသော စာအုပ်ငယ်လေး အတွင်း လိင်ကိစ္စသည် ပျော်ရွှင် ၀မ်းမြောက်မှုကို ဖြစ်ပေါ်စေကြောင်း ဖော်ပြညွှန်းဆို ထားသည်။

ထို အာဘော်သည် ယခင်က ထုတ်ဝေနေကျ ပုံစံများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး စာအုပ်ကို စီစဉ်သည့် အမျိုးသား ကျန်းမာရေး ဆားဗစ်၏ အကြံပြုချက် အပေါ် အံ့ဩမှုများ ရှိနေခဲ့ရသည်။

လိင်ပညာပေး လုပ်ငန်းများတွင် ယခင်က မလွှဲသာသည့် အခါ ဆေးဝါးများကို သုံးစွဲသင့်ကြောင်း ပြောဆို ထားသော်လည်း တတ်နိုင်သမျှ ထိန်းသိမ်း သင့်သည်ဟုသာ ဖော်ပြခဲ့သော်လည်း ယခု နောက်ဆုံးထုတ် စာအုပ်တွင်မူ အကောင်းဆုံး ပျော်ရွှင်မှုကို ဖြည့်စွမ်းပေးကြောင်း ဖော်ပြခဲ့သည့် အတွက် ကျောင်းများမှ ဆရာ၊ ဆရာမများပါ ဝေခွဲမရနိုင် ဖြစ်နေခဲ့ရသည်။

အထူးသဖြင့် ထိုဖော်ပြချက်သည် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသားများ အပေါ် သက်ရောက်မှု ရှိနေနိုင်ပြီး နားလည်မှု မလွဲမှားစေရန် အကောင်းဆုံးကိုသာ ဆရာ၊ ဆရာမများက မျှော်လင့်နေသည်။ စာအုပ် အတွင်းတွင် လိင်ကိစ္စနှင့် ပတ်သက်သော သတင်း အချက်အလက်များနှင့် အခြား တွေ့ကြံုနိုင်သည့် ပြဿနာ များကိုလည်း ဖော်ပြ ထားသေးသည်။

အေဂျင်စီ ကမူ လိင်မှုရေးရာသည် လူငယ်များ၏ ဘဝတွင် ရှောင်လွှဲနိုင်ဖွယ် မရှိသည့် အခြေအနေ တရပ်ပင်ဖြစ်ပြီး ထိုကိစ္စအတွက် သိသင့် သိထိုက်သမျှကို ပွင့်ပွင့်လင်းလင်း ဖော်ပြရန် လိုအပ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here