ဩစတြေးလျ လေတပ်အင်အား တိုးချဲ့သွားမည်

alt

ဩစတြေးလျ နိုင်ငံအနေနှင့် ၎င်းတို့၏ လေတပ် အင်အားကို တိုးချဲ့ရန် အတွက် ခေတ်မီ တိုက်လေယာဉ်များ ၀ယ်ယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်လုပ် F-18 Super Hornet အမျိုးအစား ဂျက်တိုက်လေယာဉ် အုပ်စုတခုက်ို မှာယူထားပြီး လာမည့်နှစ်၊ မတ်လမှ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာသည်။ Super Hornet များသည် ဗုံးကြဲခြင်း နှင့် ကြားဖြတ် တိုက်ခိုက်ခြင်း နှစ်မျိုးလုံးကို ဆောင်ရွက်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ်များ ဖြစ်ပြီး (၂၀)မမ စက်အမြောက်ကို တပ်ဆင်ထားကာ ဝေဟင် မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဝေဟင် မှ မြေပြင်ပစ် လက်နက်များ ကိုပါ ထည့်သွင်း တပ်ဆင်နိုင်သည်။

လေယာဉ်များ နှင့်အတူ အီလက်ထရောနစ် ရေဒါစနစ် တရပ်ကိုပါ ၀ယ်ယူရန် ကမ်းလှမ်း ထားသော်လည်း Super Hornet လေယာဉ်များကို ထုတ်လုပ်သည့် Boeing က ထို တောင်းဆိုမှုကို ပြန်လည် သုံးသပ်နေဆဲ ဖြစ်သည်။ ထို ရေဒါစနစ်သည် AESA ဟုခေါ်ပြီး အလွန် ခေတ်မီသော စက်ဦးနှောက်များက လေယာဉ်မှ ပစ်ခတ်လိုက်သော ပစ်မှတ်ကို ဒုံးကျည်ဘေးမှ ပြေးမလွတ်အောင် စွမ်းဆောင် ထားနိုင်သလို လေယာဉ်၏ ကာကွယ်ရေး အတွက်လည်း အရေးပါသော လုပ်ဆောင်မှုများကို ပြုလုပ်ပေးသည်။

ဩစတြေးလျ က မှာယူသည့် လေယာဉ် အရေအတွက်ကို အတိအကျ မသိ ရသေးသော်လည်း ပထမအသုတ် အတွက် ပို့ပေးမည့် လေယာဉ်များကို မဇ္ဇူရီပြည်နယ် ရှိ စိန့်လူးဝစ်မြို့ မှ Boeing စက်ရုံခွဲတွင် အပြီးသတ် မွမ်းမံနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here