အမျိုးသမီးများ HIV ဗိုင်းရပ်စ် ပိုမိုကူးစက် ခံရနိုင်ဖွယ်ရှိ

alt

အမျိုးသမီး များသည် သဘာဝအားဖြင့် အမျိုးသား များထက် HIV ဗိုင်းရပ်စ် ကူးစက် ခံရနိုင်ရန် ပိုမို လွယ်ကူသည်ဟု ပညာရှင်များက ယုံကြည်လျှက် ရှိကြပြီ ဖြစ်သည်။

အမေရိကန်မှ သုတေသီများက အမျိုးသား များနှင့် အမျိုးသမီးများ၏ သွေးများသည် HIV ကို တုန့်ပြန်သည့် ပုံသဏ္ဍန်ခြင်း မတူညီကြကြောင်း တွေ့ရှိရာမှ ဆက်စပ်၍ သွေးထဲရှိ မော်လီကျူး များသည် HIV ကို ဟန့်တားရန် ကြိုးပမ်းမှုတွင် အမျိုးသားများက အမျိုးသမီးများထက် သန်မာ အားကောင်းနိုင်ကြောင်း သိရှိရသည်။

ထို တွေ့ရှိမှုသည် HIV ကြောင့် ဖြစ်ပွားသည့် ခုခံအား ကျဆင်းမှု AIDS ရောဂါ ဝေဒနာသည် များ၏ သက်တမ်းကို ကြိုးစား တိုးချဲ့ပေးရာတွင် အကျိုး သက်ရောက်မှု ရှိနိုင်မည် ဖြစ်သည်။ မက်ဆာချူးဆက် အထွေထွေ ဆေးရုံမှ သုတေသီ ဆရာဝန်များက လိင်ကွဲပြားမှုနှင့် စပ်လျဉ်းပြီး ခန္ဓာကိုယ် အတွင်းရှိ ရောဂါ ကာကွယ်ရေး စံနစ် ပြောင်းလဲခြင်း ရှိမရှိကို ခြေရာခံ ဖော်ထုတ်ရာမှ ယခုရလဒ်ကို တွေ့ရှိ လာခြင်းဖြစ်သည်။

ကျား ဟိုမုန်းများသည် HIV ၏ လှုံ့ဆော်မှုကို မ ဟိုမုန်းများထက် လျှင်မြန်စွာ သိရှိနိုင်ပြီး တတ်အားသရွေ့ အလိုအလျောက် ဟန့်တားတတ်သည့် သဘော သဘာဝ ရှိနေသော်လည်း မ ဟိုမုန်းများ ကမူ ထိုကိစ္စတွင် အားနည်းချက် များရှိနေကြောင်း သိရှိရသည်။

ပညာရှင်များက ယခု တွေ့ရှိချက်ကို အခြေခံကာ အမျိုးသားများနှင့် အမျိုးသမီးများ အကြား HIV ကို ဟန့်တား ကာကွယ်နိုင်သည့် ပမာဏ ရာခိုင်နှုန်းအား ဖော်ထုတ်နိုင်ရန် ဆက်လက် ကြိုးပမ်း နေကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here