ပိုလန် ဖျော်ဖြေပွဲ ဖျက်သိမ်း လိုက်ရသဖြင့် ဘရစ်တနီ တောင်းပန်

alt

သူမ အနေနှင့် ကြိုတင် စီစဉ်ထားသော ဖျော်ဖြေပွဲကို ဖျက်သိမ်း လိုက်ရသဖြင့် ဘရစ်တနီ စဖီးယား က ပိုလန်ရှိ ပရိသတ် များအား အနူးအညွတ် တောင်းပန် လိုက်သည်။

Pop အဆိုတော်မလေး သည် ပိုလန် မြို့တော် ဝါဆောတွင် ဖျော်ဖြေပွဲ တခုအား ဇူလိုင် (၂၄)ရက် နေ့တွင် ကျင်းပရန် စီစဉ် ထားသော်လည်း သူမ၏ စီမံခန့်ခွဲမှု အသင်းက ထိုပွဲအတွက် အချိန်ပေးရန် မဖြစ်နိုင်တော့ကြောင်း ကြေညာအပြီး ပွဲအစီအစဉ်ကို ဖျက်သိမ်း ခဲ့ရသည်။

ထို ကိစ္စအတွက် အလွန် ၀မ်းနည်းပြီး ပရိသတ်ကိုလည်း တောင်းပန်လိုပါကြောင်း ဘရစ်တနီက ဇူလိုင် (၁၅)ရက် နေ့တွင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ဘရစ်တနီ၏ စီမံမှုအသင်းက ထုတ်ဝေသော အဆိုပါ ကြေညာချက်တွင် ယခုကဲ့သို့ ဖြစ်ရသည့် အတွက် ဘရစ်တနီမှာ အလွန် နောင်တရပြီး စိတ်မကောင်းလည်း ဖြစ်နေကြောင်း၊ သူမ အနေနှင့် ၀ါဆော အပါအဝင် ပိုလန်ရှိ နေရာအသီးသီးမှ သူမ၏ ဖျော်ဖြေပွဲကို မျှော်လင့်နေသည့် ပရိသတ်များအတွက် အထူးတလည် တောင်းပန်လိုကြောင်း ဖော်ပြထားသည်။

ဘရစ်တနီသည် ပိုလန်ပွဲကို ဖျက်သိမ်းခဲ့သော်လည်း အခြားဥရောပ နိုင်ငံများတွင် ပြုလုပ်မည့် Circus ဖျော်ဖြေပွဲ များကိုမူ အစီအစဉ် အတိုင်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here