ပက်ထရစ် ဗီအဲရာ အား တော့တင်ဟမ် အသင်း ခေါ်ယူရန်ကြိုးပမ်း

alt

တော့တင်ဟမ် အသင်း သည် အီတလီ ချန်ပီယံ အင်တာမီလန် မှ ပြင်သစ် လက်ရွေးစင်ဟောင်း ပက်ထရစ် ဗီအဲရာ အား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

မြို့ခံပြိုင်ဘက် အာဆင်နယ် ၏ ဂန္တဝင် ကပ္ပတိန်တဦး ဖြစ်ခဲ့ဖူးသည် ဗီအဲရာ အတွက် တော့တင်ဟမ်က အင်တာသို့ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အင်္ဂလန် သတင်းဌာန များက ဖော်ပြလျှက် ရှိကြသည်။ အသက်(၃၃)နှစ် ရှိပြီဖြစ်သော ဗီအဲရာသည် တချိန်က ကမာ္ဘ့ အကောင်းဆုံး ကွင်းလယ်လူ တဦးအဖြစ် ကျော်ကြားခဲ့သော်လည်း ယခုအခါ ဒဏ်ရာ ပြဿနာများနှင့် အသက်အရွယ်ကြောင့် အင်တာတွင် ပုံမှန် နေရာရရေး ရုန်းကန် နေရသည်။

သို့သော်လည်း တော့တင်ဟမ် နည်းပြ ဟယ်ရီရက်နပ်က ဗီအဲရာ၏ အင်္ဂလန် ဘောလုံးလောက အတွေ့အကြံုနှင့် ပြင်းထန်သော တိုက်ပွဲဝင် စိတ်ဓာတ်က တော့တင်ဟမ်အား အောင်ပွဲများဆီ ဦးဆောင် သွားနိုင်မည်ဟု မျှော်လင့်နေသည်။

ထို့အပြင် တော့တင်ဟမ်မှ ကွင်းလယ်အဖျက် ကစားသမား ဒီဒီရာ ဇိုကိုရာ မှာလည်း စပိန်ကလပ် ဆီဗီလားသို့ ပြောင်းရွှေ့သွားသဖြင့် ဗီအဲရာအား ရရှိနိုင်ရေး ပိုမို အာရုံစိုက် လာဖွယ်ရှိသည်။ တော့တင်ဟမ်သည် ရီးရဲလ် မက်ဒရစ် မှ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ကလက်ဂျန်း ဟန်တယ်လား ကိုလည်း ခေါ်ယူနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here