မြောက်ကိုရီးယား ခေါင်းဆောင်၏ မှတ်တမ်းရုပ်ရှင် စတင်ရိုက်ကူး

alt

မြောက် ကိုရီးယား သမတ ကင်ဂျံုအီ၏ ဘဝမှတ်တမ်း ရုပ်ရှင်ကို ပထမဆုံး အကြိမ် မြောက် ကိုရီးယား အာဏာပိုင် များက စတင် ရိုက်ကူးနေပြီ ဖြစ်ကြောင်း သိရှိ ရသည်။

ကွန်မြူနစ် နိုင်ငံတော်အား အုပ်စိုးနေဆဲ ဖြစ်သည့် အသက် (၆၇)နှစ် အရွယ် အာဏာရှင် ခေါင်းဆောင်ကြီး၏ မှတ်တမ်း ဇာတ်ကားတွင် ယခု နှစ်ပိုင်းများ အတွင်း သမတ ကင်၏ လူ အများရှေ့ ထွက်လာသည့် ဖြစ်ရပ် များကိုလည်း ထည့်သွင်း ဖော်ပြထားမည် ဖြစ်သည်။

အပိုင်း (၂၀) ပါရှိသော အဆိုပါ ရုပ်ရှင်ကဲ့သို့ပင် ကင်၏ ဖခင်ဖြစ်သည့် မြောက်ကိုရီးယား နိုင်ငံ ထူထောင်ခဲ့သူ သမတဟောင်း ကင်အီဆန် မသေဆုံးမီ တနှစ်အလို (၁၉၉၃) ကလည်း မှတ်တမ်းရုပ်ရှင် ထွက်ပေါ် လာခဲ့ဖူးသည်။ ထိုသို့သော အခြေအနေကြောင့် ယခုကဲ့သို့ မှတ်တမ်းရုပ်ရှင် စီစဉ်ခဲ့ခြင်းမှာ လက်ရှိ သမတ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကို ညွှန်ပြနေခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား သတင်းစာ ချိုဆန်အီဘို က ခန့်မှန်း ရေးသားခဲ့သည်။

မြောက်ကိုရီးယား အာဏာပိုင်များ အနေနှင့် ၎င်းတို့၏ ခေါင်းဆောင် ကျန်းမာရေး ချို့တဲ့နေကြောင်း သတင်းများကို အမြဲတစေ ငြင်းဆန် နေခဲ့သော်လည်း ကင်၏ အခြေအနေသည် မရေရာ တော့သော အနေအထား မျိုးအထိ ရောက်ရှိ နေနိုင်ကြောင်း ဆိုးလ်မြို့တော်ရှိ ဒေါင်ဂွတ် တက္ကသိုလ်မှ လေ့လာသူ ကိုယူဟွမ်က ပြောကြားခဲ့သည်။

ကင်၏ မှတ်တမ်း ရုပ်ရှင်သည် ဖခင်၏ အဖြစ်အပျက်နှင့် ဆက်စပ် နေဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ ကင်သည် ၎င်း၏ အငယ်ဆုံးသား ဖြစ်သူ အသက် (၂၆)နှစ် အရွယ် ကင်ဂျံုအန်ကို အရိုက်အရာ လွှဲအပ်ထားပြီး ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက အတည်ပြု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here