အမေရိကန် လေကြောင်း ခရီးသည်တင် လေယာဉ် အရေးပေါ် ဆင်းသက်ရ

alt

နက်ရှ်ဗီး မှ ဒက်ထရွိုက်သို့ ဦးတည် ပျံသန်းနေသော ခရီးသည်တင် လေယာဉ်ပျံကြီး တစင်းသည် ကိုယ်ထည် အထက်ပိုင်းတွင် အပေါက်တခု ဖြစ်လာမှုကြောင့် အနောက် ဗာဂျီးနီးယားသို့ အရေးပေါ် ဆင်းသက် လိုက်ရကြောင်း အမေရိကန် လေကြောင်း အာဏာပိုင်များက ပြောကြား လိုက်သည်။

စတုရန်း (၁)ပေ ဝန်းကျင်မျှ ရှိသော အဆိုပါ အပေါက်ကြီးသည် အနောက်တောင် လေကြောင်း ကုမ္မဏီပိုင် Boeing 747 လေယာဉ်ကြီး ဇူလိုင်လ (၁၃)ရက် နေ့က ပျံသန်းနေစဉ် ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ (၁၃၁)ဦးလုံး ကံကောင်း ထောက်မစွာဖြင့် တစုံတရာ ထိခိုက်မှု မရှိခဲ့ပေ။

လေယာဉ်တွင် အပေါက်ကြီး ဖြစ်သွားသည့် အခါ ကြီးမား ကျယ်လောင်သည့် အသံတခု ထွက်ပေါ်လာပြီး ခရီးသည်များ အားလုံး အလွန် ကြောက်ရွံ့ခဲ့ကြသော်လည်း လေယာဉ်မှူးက ကျွမ်းကျင် သေသပ်စွာ ထိန်းသိမ်းပြီး ဆင်းသက်နိုင်ခဲ့သည်။

ထိုအပေါက် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို ယခုတိုင် ခြေရာခံ၍ မဖော်ထုတ် နိုင်သေးပေ။ ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ ပြီးနောက် အနောက်တောင် လေကြောင်းလိုင်းက ၎င်းတို့ ပိုင်ဆိုင်သော Boeing လေယာဉ် အစင်း(၂၀၀)ကို နောက် တနေ့အထိ ပျံသန်းခွင့် မပေးဘဲ ဆိုင်းငံ့ရပ်နားကာ စစ်ဆေးမှုများ အစောတလျင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here