ဇူလိုင်လ အတွင်း အာဖဂန်ရောက် အမေရိကန် စစ်သားများ သေဆုံးမှု အများဆုံးဖြစ်

alt

ဇူလိုင် လသည် ယခုနှစ် အတွင်း အာဖဂန်နစ္စတန် တွင် စစ်ဆင်ရေး ဆင်နွှဲနေသော အမေရိကန် တပ်သားဦးရေ အရေအတွက် အများဆုံး သေဆုံးသောလ ဖြစ်လာခဲ့ကြောင်း အမေရိကန်စစ်ဘက်က ကြေညာလိုက်သည်။

အမေရိကန် ဦးဆောင်သော နိုင်ငံတကာ တပ်များသည် အာဖဂန်တွင် စစ်ဆင်ရေးများ ဆင်နွှဲနေခဲ့ရာ ဇူလိုင်လ (၁၅)ရက် နေ့အထိ (၄၆)ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် (၂၄)ဦးမှာ အမေရိကန်များ ဖြစ်ကြသည်။ ကျန် စစ်သည်များသည် NATO အဖွဲ့ဝင် နိုင်ငံများမှ စစ်သည်များ ဖြစ်ပြီး ယခုလက်ရှိ သေဆုံးသူ အရေအတွက်သည် (၂၀၀၈) ခုနှစ် ဩဂုတ်လ နှင့် ဇွန်လ များက သေဆုံးခဲ့သူ အရေအတွက်နှင့် တူညီလာပြီ ဖြစ်သည်။

ယခုလ အတွင်း နောက်ဆုံး သေဆုံးခဲ့သော အမေရိကန် စစ်သည်မှာ ဇူလိုင်လ (၁၄)ရက် နေ့က လမ်းဘေးဗုံး တလုံးကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ အာဖဂန် အရှေ့ပိုင်းတွင် ပေါက်ကွဲခဲ့သော လမ်းဘေးဗုံးသည် ယူကရိန်း အရပ်သား (၆)ဦးနှင့် (၆)နှစ် အရွယ် အာဖဂန် ကလေးငယ် တဦးကိုပါ သေဆုံး သွားစေခဲ့သည်။

၀ါရှင်တန်ရှိ ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန် တပ်သားများ သေဆုံးနေမှုသည် ယခုလ အတွင်း စိုးရိမ်ရဖွယ် အခြေအနေထိ ရောက်ရှိလာကြောင်း ဝန်ခံခဲ့သည်။ ပင်တဂွန် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဂေါ့မိုရဲလ်က ယခုလ အတွင်း ခက်ခဲသော စစ်ဆင်ရေး များဖြင့် ရုန်းကန်နေရပြီး အာဖဂန်တွင် လက်ရှိ ဖြစ်ပွားနေသည်ထက် အခြေအနေ ကောင်းမွန် လာစေရန် ကြိုးစားနေကြောင်း သတင်းထောက် များအား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here