အင်ဒဲဗား အာကာသ လွန်းပျံယာဉ် ၆ကြိမ်မြောက် အောင်မြင်စွာ လွှတ်တင်

alt

အင်ဒဲဗား လွန်းပျံယာဉ်သည် ဆဋ္ဌမ အကြိမ်မြောက် ကြိုးပမ်းမှုတွင် အောင်မြင် စွာဖြင့် အာကာသ ထဲသို့ ပျံသန်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း နာဆာ အာကာသ အေဂျင်စီမှ ယနေ့ကြေညာ လိုက်သည်။

နာဆာ အဖွဲ့က အင်ဒဲဗား၏ နိုင်ငံတကာ အာကာသ စခန်းသို့ ဦးတည်သော ခရီးစဉ်သည် ဇူလိုင်လ (၁၅)ရက် နေ့က ချောချော မောမော အောင်မြင် သွားကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ဇွန်လ အလယ်က လွှတ်တင်ရန် ကြိုးစားခဲ့သော အာကာသ ယာဉ်သည် ယာဉ်မှူး (၇)ဦးကို တင်ဆောင်ကာ ဖလော်ရီဒါရှိ ကနေဒါ အာကာသ စူးစမ်းရေး သိပ္ပံဌာနမှ ပျံတက်သွားခဲ့ပြီး ဖြစ်သည်။

မူလက ဓာတ်ငွေ့ ယိုစိမ့်မှုနှင့် လျှပ်စစ်မုန်တိုင်း တိုက်ခတ်မှုများကြောင့် (၅)ကြိမ် တိုင်တိုင် ရွှေ့ဆိုင်း ခဲ့ရသော်လည်း ယခု အသုတ်တွင်မူ အဆင်ပြေစွာ လွှတ်တင်ခဲ့ပြီ ဖြစ်ကြောင်း နာဆာ ကဆိုသည်။ အာကာသ ယာဉ်သည် နိုင်ငံတကာ အာကာသစခန်း နှင့် ချိတ်ဆက်နေသော ဂျပန်၏ အာကာသ လေ့လာရေး စခန်းကို လိုအပ်သော ဖြည့်တင်းမှုများ ပြုလုပ်ကာ အပြီးသတ် ဆောက်လုပ်မည် ဖြစ်သည်။

အင်ဒဲဗား အနေနှင့် အာကာသထဲတွင် (၁၆)ရက် အထိ ရှိနေဦးမည် ဖြစ်ပြီး အာကာသ ယာဉ်မှူးများသည် အာကာသ အတွင်း (၅)ကြိမ် လမ်းလျှောက်ကာ ဂျပန် အာကာသစခန်းကို တည်ဆောက် သွားမည်ဖြစ်ကြောင်း နာဆာက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here