ပျက်ကျ အီရန်လေယာဉ်မှ သေတ္တာနက် ရှာဖွေတွေ့ရှိ

alt

ဇူလိုင်လ (၁၅)ရက် နေ့က ပျက်ကျခဲ့သော အီရန် လေယာဉ်မှ လေယာဉ်ပျံသန်းမှု မှတ်တမ်း ထိန်းသိမ်း မှတ်ယူထားသော သေတ္တာနက်ကို ရှာဖွေ တွေ့ရှိပြီ ဖြစ်ကြောင်း အီရန် ကယ်ဆယ်ရေး တပ်ဖွဲ့များက အတည်ပြု ခဲ့ကြသည်။

ဇူလိုင်လ (၁၆)ရက် နေ့က ပျံသန်းမှု မှတ်တမ်းများကို သိုလှောင်ထားသည့် သေတ္တာနက် (၃)လုံး အနက် (၂)လုံးကို ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ ထိုသေတ္တာများကို မြို့တော် တဟီရန်သို့ ချက်ချင်း သယ်ဆောင် သွားကြောင်းလည်း တာဝန် ရှိသူများက ဆိုသည်။

လိုက်ပါလာသူ (၁၆၈)ဦးလုံး သေဆုံးခဲ့သည့် ကက်စပီယန် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှု အတွက် တိကျသော အကြောင်း အချက်အလက်များကို မကြာမီ ထုတ်ပြန်နိုင်ဖွယ် ရှိနေပြီး ရုရှားလုပ် လေယာဉ်ပျံ ပေါ်တွင် မည်သို့သော ချွတ်ယွင်းချက်များ ဖြစ်ပေါ်ခဲ့သည့်ကို လေ့လာသွားမည်ဟု အီရန် သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ အာမက် မာဂျီဒီက သတင်းထောက် များအား ပြောကြားခဲ့သည်။

သေတ္တာနက် များတွင် လေယာဉ်၏ မြန်နှုန်းနှင့် အခြားသော အချက်အလက်များကို တိုင်းတာ မှတ်သား ထားမည်ဖြစ်ပြီး ထိခိုက်မှု အနည်းငယ် ရှိနေသည်ကို ပြင်ဆင်နိုင်ရန် ရုရှားသို့ ပေးပို့မည် ဖြစ်ကြောင်းလည်း အာမက် က ဆိုသည်။

(၆)နှစ် အတွင်း အီရန်၏ အဆိုးရွားဆုံး လေယာဉ် ပျက်ကျမှုအဖြစ် မှတ်တမ်း ဝင်သွားသော အဆိုပါ ဖြစ်စဉ်အတွင်း လေယာဉ်သည် လေထဲတွင်ပင် မီးစွဲလောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူ များက သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here