အဒီဘာယော အား မန်ယူအသင်းမှ ခေါ်ယူရန် အေးဂျင့်ဖြစ်သူ တိုက်တွန်း

alt

အီမန်နျူရယ် အဒီဘာယော ၏ အေးဂျင့် ဖြစ်သူက ၎င်း၏ ဘောလုံးသမားအား စာချုပ် ချုပ်ခေါ်ယူပါရန် မန်ချက်စတာ ယူနိုက်တက်အား တောင်းဆို လိုက်ကြောင်း သိရှိရသည်။

တိုဂို လက်ရွေးစင် တိုက်စစ်မှူးအား မန်ချက်စတာ စီးတီးက ပေါင် (၂၅)သန်းဖြင့် ခေါ်ယူရန် စီစဉ်ခဲ့ပြီးမှ ကစားသမား၏ တပါတ်လုပ်ခ ပေါင် (၁၇၀၀၀၀) အထိ တောင်းဆိုမှုကြောင့် နောက်ဆုတ် သွားပြီးနောက် ယခုကဲ့သို့ မန်ချက်စတာ ယူနိုက်တက် ဘက်သို့ ဦးလှည့် လာခြင်းဖြစ်သည်။

သို့သော်လည်း အာဆင်နယ် အသင်းအနေနှင့် အခါးသီးဆုံး ပြိုင်ဘက်ထံသို့ ၎င်း၏ အကောင်းဆုံး တိုက်စစ်မှူးကို ရောင်းချရေးမှာ ထင်သလောက် မလွယ်ကူနိုင်ကြောင်း လေ့လာသူများက သုံးသပ် နေကြသည်။ မန်ချက်စတာ ယူနိုက်တက်သည် တိုက်စစ်မှူး ကားလို့စ် တီဗက်စ် နှင့် ခရစ်စတီယာနို ရော်နာဒို တို့ကို ဆုံးရှုံးပြီးနောက် မိုက်ကယ်အိုဝင်၊ အန်တိုနီယို ဗလန်စီယာ နှင့် ဂါဘရီရယ် အိုဘာတန် တို့ကို ခေါ်ယူ ထားသော်လည်း ထိပ်တန်းအဆင့် တိုက်စစ်မှူးတဦး လိုအပ် နေဆဲဖြစ်သည်။

အဒီဘာယော ၏ အေးဂျင့်က အသက် (၂၅)နှစ်ရှိ ကစားသမား ကိုယ်တိုင်က မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ ချင်နေကြောင်း ပြောကြားခဲ့သည်။ အဒီဘာယောကို အီတလီ ထိပ်တန်းကလပ် အေစီမီလန် ကလည်း စိတ်ဝင်စား နေကြောင်း အားကစားလောက သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here