ရက်ပ်အဆိုတော် နှစ်ယောက် အပြိုင်အဆိုင် အယ်လ်ဘမ်ထွက်ရှိ

alt

Rap ဂီတ လောက၏ နာမည်ကျော် အဆိုတော်များ ဖြစ်သော 50 Cent နှင့် Jay-Z တို့သည် ယခုနှစ် နှောင်းပိုင်းတွင် အပြိုင်အဆိုင် ထိပ်တိုက် တွေ့ဆုံရန် အခြေအနေ ရှိနေပေသည်။

Jay-Z နှင့် 50 Cent တို့သည် တနေ့တည်းတွင် အယ်လ်ဘမ် အသစ် များကို အပြိုင်အဆိုင် ထုတ်ဝေရန် စီစဉ်ထားကြရာ ပရိသတ်များ အတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရသည်။ 50 Cent အနေနှင့် ထိုနေ့တွင် ၎င်း၏ (၄)ခုမြောက် ဖြစ်သည့် စတူဒီယို အယ်ဘမ် Before I Self Destruct ကို Jay-Z နှင့် ယှဉ်ပြိုင်ကာ ထုတ်ဝေ သွားမည်ဟု ဆိုသည်။

50 Cent ၏ ဆရာများဖြစ်သော Eminem နှင့် Dr Dre တို့ကလည်း အယ်ဘမ်သစ် အတွက် တွန်းအားပေး ဆောင်ရွက် ပေးခဲ့ကြသည်။ Jay-Z ကလည်း ပရိသတ်များ စောင့်ဆိုင်း နေခဲ့ရသည့် Blueprint 3 ကို စက်တင်ဘာ (၁၁)ရက် နေ့တွင်ပင် စတင်ဖြန့်ချီရန် စီစဉ်ထားရာ Hip Hip နာမည်ကြီး နှစ်ယောက် တွေ့ဆုံမှုသည် ပွဲကြီး ပွဲကောင်းအသွင်ကို ဆောင်လာခဲ့သည်။

50 Cent သည် ၎င်း၏ တတိယမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်သည့် Curtis ကို အခြား Rap အဆိုတော် တဦးဖြစ်သည့် Kanye West နှင့် (၂၀၀၇) ခုနှစ် ကလည်း တရက်တည်းယှဉ်ပြီး ဖြန့်ခဲ့သေးရာ အရှုံးကြီး ရှုံးခဲ့ဖူးသည်။ West နှင့် Jay-Z တို့မှာ အလွန် ခင်မင်သော မိတ်ဆွေများ ဖြစ်သောကြောင့် ယခုတကြိမ် ယှဉ်ပြိုင်မှုသည် အတိတ်က ရှုံးကြွေးအတွက် 50 Cent အနေနှင့် ချေဖျက်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here