မင်္ဂလာပန်းစည်း ကြောင့် လေယာဉ်ပျက်ကျ

alt

မင်္ဂလာ သတို့သမီး တဦး ကိုင်ဆောင်သော ပန်းစည်းသည် သွေးထွက်သံယို အဖြစ်အပျက်များကို ပေါ်ပေါက် စေခဲ့ကြောင်း သိရှိရသည်။

အီတလီနိုင်ငံမှ မင်္ဂလာ စုံတွဲတစ်တွဲသည် ၎င်းတို့၏ မင်္ဂလာပွဲတွင် ပရိသတ်များအား ဧည့်ခံနေစဉ် သတို့သမီး ကိုင်ဆောင်ခဲ့သော ပန်းစည်းအား မင်္ဂလာပရိသတ် အပေါ်မှ ကြဲချပေးရန် လေယာဉ်အငယ်စား တစ်စင်းကို ငှားရမ်း ထားခဲ့သည်။

ယခု သီတင်းပါတ် အစောပိုင်းက လီဗော်နိုမြို့အနီ၊ ဆူဗာရီတိုမှ မွန်တီအိုနီ ဥယျာဉ်တွင် ပြုလုပ်ခဲ့သော မင်္ဂလာပွဲ အပေါ်မှ လေယာဉ်ငယ်က အနိမ့်ပျံကာ ပန်းစည်းကို ကြဲချနေစဉ် သတ္တုကြိုးဖြင့် စည်းထားသော အဆိုပါ ပန်းစည်းအား လေယာဉ်အင်ဂျင်က စုပ်ယူသွားရာမှ အင်ဂျင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ထို လေယာဉ်သည် မင်္ဂလာပွဲ အနီးတွင်ပင် ပျက်ကျခဲ့ရာ ဒဏ်ရာရသူ အချို့ ရှိခဲ့ကြောင်း သိရှိရပြီး အထူးသဖြင့် ပန်းစည်းကို လေယာဉ်မှူးနံဘေးမှ ကြဲချပေးခဲ့သူ အသက် (၄၄)နှစ် အရွယ် အိုင်ဆီဒိုရို ပန်ဆီရီ အမည်ရှိ အမျိုးသမီးမှာ အခြေအနေ ဆိုးဖြင့် ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွား ခဲ့ရသည်။

အိုင်ဆီဒိုသည် ဦးခေါင်း အနောက်ဘက်တွင် ဒဏ်ရာများ ရရှိခဲ့သလို လေယာဉ်မှူး လူဆီယာနို နန်နယ်လီ သည်လည်း အနာတရ ဖြစ်ခဲ့ကာ လေယာဉ်ပျက်ကျစဉ် အထိတ်တလန့် ထွက်ပြေးခဲ့သည့် ပရိသတ် (၅၀)ကျော်မှာလည်း ထိခိုက် နာကျင်မှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here