ရုပ်ရှင် လောကကို စွန့်ခွာရန် အစီအစဉ် မရှိတဲ့ အမ်မာဝတ်ဆန်

alt

Harry Potter ဇာတ်ကားများမှ မင်းသမီးချော အမ်မာဝတ်ဆန်က သူမ အနေနှင့် ရုပ်ရှင် လောကကို ကျောခိုင်းသွားရန် အစီအစဉ် မရှိသေးပါဟု ပြောဆို လိုက်သည်။

အသက် (၁၉)နှစ်ရှိ ဗြိတိန်သူ မင်းသမီးလေးသည် တက္ကသိုလ် ပညာရေးအတွက် ရုပ်ရှင် ရိုက်ကူးတော့မည် မဟုတ် ဆိုသော သတင်းများကို မဟုတ်မှန်ကြောင်း ငြင်းပယ် လိုက်သည်။ သူမသည် Wenn နှင့် အင်တာဗျူးတွင် တက္ကသိုလ်တက်ရင်း ရုပ်ရှင် လောကဘက်သို့လည်း မျက်ခြေမပြတ် အာရုံ စိုက်သွားမည်ဟု အတည်ပြု ခဲ့သည်။

ထို အခြေအနေသည် ခက်ခဲနိုင်သော်လည်း သူမ လုပ်နိုင်မည်ဟု အမ်မာက ယုံကြည်နေသည်။ သူမသည် နယူးယောက် မြို့တော်ရှိ ကိုလံဘီယာ အဆင့်မြင့် တက္ကသိုလ်တွင် တက်ရောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ တက္ကသိုလ် တက်နေရင်း အားလပ်သည့် အချိန်များတွင် ရိုက်ကွင်းသို့ အမီပြေးမည် ဖြစ်ကြောင်း အမ်မာက ဆိုသည်။

ထို့အတွက်မူ ဒါရိုက်တာ အပါအဝင် ရိုက်ကွင်း အဖွဲ့များနှင့် ညှိနှိုင်းရမည်ဟု အမ်မက ၀န်ခံခဲ့သည်။ သို့သော်လည်း သူမ၏ ပညာရေးဘက်သို့ အာရုံ စိုက်လိုသော ဆန္ဒဇောကြောင့် ရုပ်ရှင် အဖွဲ့သားများ စိတ်ညစ် ရမည်ကို စိုးရိမ် ပူပန်မိကြောင်းလည်း အမ်မာက Wenn သို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here