တီဗက်စ် အစား မိုက်ကယ်အို၀င် ခြေစွမ်းပြနိုင်မည်ဟု ဖာဂူဆန်ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က မန်ချက်စတာ စီးတီးသို့ အပြီးသတ် ပြောင်းရွှေ့သွားသူ ကားလို့စ် တီဗက်စ် နေရာတွင် မိုက်ကယ်အိုဝင်က အပြည့်အဝ အစားထိုး ခြေစွမ်း ပြနိုင်လိမ့်မည်ဟု ပြောကြားလိုက်သည်။

အသက် (၂၉)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ခရစ္စတီယာနို ရော်နာဒို ထွက်ခွာ သွားပြီးနောက် မန်ချက်စတာ၏ အစဉ်အလာ အကြီးမားဆုံး ကျောနံပါတ် (၇)ကို ဆက်ခံခွင့် ရရှိမည်ဟု သတင်းကြီး နေသူလည်းဖြစ်သည်။

အိုဝင် အနေနှင့် ဒဏ်ရာ ပြဿနာများကို အတိတ်တွင် ထားရစ်ခဲ့ပြီး အင်္ဂလန် ချန်ပီယံ ကလပ်အတွက် အထူး ခြေစွမ်းပြ နိုင်မည်ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် စတုတ္ထမြောက် ဂိုးအများဆုံး သွင်းယူ ပေးထားသည့် တိုက်စစ်မှူးသည် ၎င်း၏ အတောက်ပဆုံး အခြေအနေသို့ ပြန်ရောက်ပြီး လက်ရွေးစင် အသင်းတွင်လည်း အရွေးချယ် ခံရမည်ဟု ဖာဂူဆန်က သုံးသပ်ခဲ့သည်။

အချို့ သူများသည် အိုဝင်အား ခေါ်ယူခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝေဖန် နေကြသော်လည်း မိမိအနေနှင့် အင်္ဂလန် တိုက်စစ်မှူးအပေါ် ယုံကြည်ချက် အပြည့်ရှိကြောင်း ဖာဂူဆန်က ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here