အွန်လိုင်းသုံး Microsoft Office အခမဲ့ပေးမည် ဟုဆို

alt

ဇူလိုင်လ (၁၃)ရက် နေ့က ၎င်းတို့ အနေနှင့် Online တွင် အသုံးပြုနိုင်မည့် Office Version တခုကို အခမဲ့ ပေးသွားရန် စီစဉ်နေကြောင်း Microsoft ကော်ပိုရေးရှင်းက ကြေညာခဲ့သည်။

Microsoft အနေနှင့် ယင်းတို့၏ အကျော်ကြားဆုံး ထုတ်ကုန် တခုကို ယခုကဲ့သို့ အခမဲ့ပေးရန် စဉ်းစားလာမှုသည် ဈေးကွက်အတွင်း အဖက်ဖက်မှ ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် Google ကို တုန့်ပြန်ရန် ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း ဈေးကွက် လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

Google သည် Microsoft ၏ နာမည်ကျော် Windows OS များကို ယှဉ်ပြိုင်ရန် အခမဲ့ Chrome OS ကို အစပျိုး နေသဖြင့် Microsoft က ယခု စီမံကိန်းကို စတင်လာခြင်း ဖြစ်ဖွယ်ရှိသည်။ အင်တာနက် အခြေပြု Office Version သည် လာမည့်နှစ်တွင် စတင် လည်ပတ်ဖွယ် ရှိကြောင်း Microsoft က ကြေညာထားသည်။

ထို Version သည် Google ၏ Browser အခြေပြု အခမဲ့ Software Google Docs ကို ခြိမ်းခြောက် လာဖွယ်ရှိကြောင်း သိရှိရသည်။ လေ့လာသူများ ကမူ Microsoft နှင့် Google တို့ အပြင်းအထန် ယှဉ်ပြိုင်နေမှုသည် အသုံးပြုသူများ အတွက် ပိုမိုကောင်းမွန်သော အကျိုး ဖြစ်ထွန်းမှုများကို ပေါ်ပေါက် လာစေဖွယ်ရှိကြောင်း သုံးသပ်ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here