မိုက်ကယ်ဂျက်ဆင် ရုပ်အလောင်းအား နေရာပြောင်းရွှေ့ထား

alt

မိုက်ကယ် ဂျက်ဆင် ၏ ရုပ် အလောင်းအား ထားရှိသည့် နေရာကို လုံခြံုရေး အရ နေရာ ရွှေ့ပြောင်း ခဲ့ရကြောင်း သိရှိရသည်။

ဂျက်ဆင်အား အကြီးအကျယ် စွဲလန်း အားပေးသည့် ပရိသတ်များက ရုပ် အလောင်းကို ရယူမည်ကို စိုးရိမ်သဖြင့် ယခုလို စီမံခဲ့ရခြင်းဟု တာဝန်ရှိသည့် ဈာပန စီမံရေးအဖွဲ့က ကြေညာခဲ့သည်။ အသက် (၅၀) အရွယ်တွင် ကွယ်လွန်ခဲ့သော ကမာ္ဘကျော် Pop အဆိုတော်ကြီး၏ အလောင်းအား ပြီးခဲ့သော သီတင်းပါတ်မှ စပြီး Motown စတူဒီယိုပိုင်ရှင် ဘယ်ရီ ဂေါ်ဒွန် ပိုင်ဆိုင်သည့် သီးသန့် သုဿန်တွင် ထားရှိ ခဲ့သော်လည်း လူ ထောင်ပေါင်း များစွာတို့သည် ထိုနေရာအား မကြာခဏ လာရောက် ကြည့်ရှုနေသဖြင့် ဂျက်ဆင့် မိသားစုက ယခုလို ရွှေ့ပစ်ခဲ့ခြင်း ဖြစ်သည်။

ဂျက်ဆင်အား ထားရှိသည့် အလောင်းကို Forest Lawn သုဿန်၏ မြေအောက်ခန်း အတွင်း ထည့်သွင်းထားရှိပြီး ၎င်းအား အပြီးတိုင် မြှုပ်နှံမည့် နေရာကို မရွေးချယ်ရ သေးမချင်း ထိုနေရာတွင်သာ လုံခြံုစွာ ထားရှိမည်ဟု သိရှိရသည်။

ဂျက်ဆင်၏ အစ်မဖြစ်သူ လာတိုယာ ဂျက်ဆင်က ဂျက်ဆင်၏ ရုပ်အလောင်း မြှုပ်နှံမည့် နေရာကို အတည်မပြု ရသေးကြောင်း ၀န်ခံထားသော်လည်း ပရိသတ်များ ကမူ ဇွန်လ (၂၅)ရက်နေ့က ကွယ်လွန်ခဲ့သည့် အဆိုတော်ကြီး၏ မိသားစုမှာ ၎င်းတချိန်က ပိုင်ဆိုင်ခဲ့သည့် Neverland ခြံကြီးအတွင်း မြှုပ်နှံရန် မျှော်လင့် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here