အမေရိကန် နှင့် အစ္စရေးတို့ ဒုံးခွင်းဒုံး စမ်းသပ်မည်

alt

အမေရိကန် နှင့် အစ္စရေးနိုင်ငံတို့ ပူးပေါင်းပြီး ဒုံးခွင်းဒုံး စီမံကိန်း အတွက် စမ်းသပ် ဒုံးကျည်တစင်း ပြုလုပ် သွားမည် ဖြစ်သည်။ Arrow ဒုံးခွင်း ဒုံးကျည် စနစ်သည်

အမေရိကန်နှင့် အစ္စရေး ပညာရှင်များ စမ်းသပ် ထားသော စနစ်ဖြစ်ပြီး ဆီးရီးယား နှင့် အီရန် နိုင်ငံတို့မှ ဒုံးကျည်ဖြင့် ပစ်လွှတ် တိုက်ခိုက် လာသည့် အခြေအနေကို တုန့်ပြန်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။

ထို ဒုံးကျည်ကို မကြာမီ ရက်များအတွင်း အမေရိကန်မှ မြေထဲပင်လယ်သို့ စမ်းသပ် ပစ်လွှတ်မည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဗိုလ်ချုပ်ကြီး ပက်ထရစ် အိုရာလေး က ပြောကြားခဲ့သည်။ Arrow သည် သတ်မှတ် ဧရိယာထဲ ဖြတ်သန်း ၀င်ရောက်လာသည့် ဒုံးကျည်များ နောက်သို့ လျင်မြန်စွာ ခြေရာခံ လိုက်ပါပြီး ထိုးဖောက် ဖျက်ဆီးနိုင်သော အစွမ်းရှိကြောင်း သိရှိရသည်။

ထို ဒုံးကျည်သည် ကီလိုမီတာ (၁၀၀၀) အတွင်းရှိ ပစ်မှတ် မှန်သမျှကို တိကျစွာ ချေမှုန်း ဖျက်ဆီး ပစ်နိုင်သည်။ ယခု စမ်းသပ်မည့် ဒုံးကျည်မှာ ဆန်တာ ဘာဘရာ အနီး ပစ်စင်မှ ပစ်လွှတ်ဖွယ်ရှိပြီး အစ္စရေးနိုင်ငံ အတွက် အမေရိကန်မြေတွင် တတိယမြောက် ဒုံးကျည် စမ်းသပ်ခွင့် ရရှိခြင်းလည်း ဖြစ်သည်။

အစ္စရေး နိုင်ငံအနေနှင့် အရှေ့ အလယ်ပိုင်းဒေသ မဟာရန်သူတော် အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်သည့် အနေနှင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း ကမာ္ဘ့အရေး လေ့လာသူများက သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here