āဂါဇာ ထိုးစစ်အတွက် ရက်စက်တတ်သည့် စစ်သည်များ အသုံးပြုခဲ့ ဟုဆို

alt

ယခုနှစ် အစောပိုင်းက ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အစ္စရေး တပ်မတော်တွင် အညှာအတာ ကင်းမဲ့ပြီး လက်ရဲ ဇက်ရဲနိုင်သော စစ်သားများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများ အတွင်း လူသားချင်း စာနာမှု မရှိသော လုပ်ရပ်များကို ကျုးလွန်ခဲ့ကြောင်း စွပ်စွဲ ခံထားရသည့် အစ္စရေး စစ်သည်ဟောင်း များက ဇူလိုင်လ (၁၅)ရက် နေ့က အထက်ပါ ကိစ္စကို ၀န်ခံ ပြောကြားသွားခဲ့သည်။ စစ်သားများသည် မည်းမည်းမြင်သမျှ လျှောက်ပစ်နေသဖြင့် မလိုလားအပ်သော သေဆုံးမှုများ ရှိခဲ့ကြောင်း ထိုစစ်သားဟောင်း များက ရှင်းလင်း ပြောကြားခဲ့သည်။

ဂါဇာ တိုက်ပွဲတွင် ပါ၀င် ဆင်နွှဲခဲ့သော စစ်သားများသည် ဒေသခံများ၏ နေအိမ်များကို အကြောင်းပြချက် မရှိဘဲ ဖောက်ခွဲ ဖျက်ဆီးခဲ့သလို အကြမ်းဖက်မှုများ ကိုလည်း လိုအပ်သည်ထက် ပိုမိုပြင်းထန်စွာ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၀န်ခံချက် ပေးခဲ့သည့် စစ်သားများ၏ အမည်များကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပေ။ သို့သော်လည်း အစ္စရေး စစ်ဘက်က ထိုသတင်းများအား ငြင်းဆိုလိုက်ပြီး အခြေအမြစ် မရှိသည့် စွပ်စွဲမှု များသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။ ထို စွပ်စွဲမှုများသည် လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အစ္စရေး တပ်မတော် အကြား ပြဿနာများ ရှုပ်ထွေးလာစေရန် ကြံရွယ် ဖော်ပြခြင်းသာ ဖြစ်ကြောင်း အစ္စရေး စစ်ဘက်က တုန့်ပြန် ပြောဆိုလိုက်သည်။

ထို့အပြင် အစ္စရေး စစ်သည်များ အနေ နှင့် ဂါဇာထိုးစစ် အတွင်း စည်းစနစ် ကျနစွာ ပြုမူ ဆောင်ရွက်ခဲ့ကြောင်း အစ္စရေး တပ်မတော် အရာရှိများက ပြောဆို သွားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here