အင်္ဂလန်ကို ပြန်ခြေချရန် ဒေးဗစ်ဘက်ဟမ်း စဉ်းစားနေ

alt

ဒေးဗစ် ဘက်ခမ်းက ၎င်းအနေနှင့် အင်္ဂလန် ပရီးမီးယား လိဂ်တွင် ဘောလုံး ပြန်ကစားရန် စဉ်းစား နေကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

(၂၀၀၃) ခုနှစ်က မန်ချက်စတာ ယူနိုက်တက် မှ ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ လာပြီး နောက်ပိုင်း အင်္ဂလန်သို့ ပြောင်းရွှေ့ရန် စဉ်းစား နေကြောင်း ဘက်ခမ်းက ပြောဆိုမှုသည် ယခုအကြိမ် ပထမဆုံး ဖြစ်သည်။ အမေရိကန်သို့ ပြန်ရောက်နေပြီး လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီ နှင့်အတူ လေ့ကျင့်ခန်း ဆင်းနေသည့် အသက် (၃၄)နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်က (၂၀၁၀) ကမာ္ဘ့ ဖလားတွင် အင်္ဂလန် အသင်း နှင့်အတူ ပါ၀င်ခွင့် ရရေးအတွက် အင်္ဂလန် မြေတွင်သာ ဘောလုံးကစား လိုကြောင်း ပြောကြားခဲ့သည်။

၎င်း၏ နှလုံးသားသည် မန်ချက်စတာ ယူနိုက်တက် အတွက် အမြဲရှင်သန်နေကြောင်း၊ ပရီးမီးယားလိဂ်မှ အခြားအသင်း တသင်း၏ ဂျာစီကို ၀တ်ဆင်ပြီး မန်ချက်စတာနှင့် ပြန်လည် ရင်ဆိုင်လိုခြင်း မရှိကြောင်း ပြောဆိုခဲ့ဖူးသည့် ဘက်ခမ်းက ယခု တကြိမ်တွင်မူ ၎င်း၏ စိတ်ကူးများကို ပြောင်းလဲရန် လိုအပ်နေပြီဟု ၀န်ခံခဲ့သည်။

ဘက်ခမ်း၏ ပြောစကားသည် တချိန်က ၎င်းအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည့် တော့တင်ဟမ် ဟော့စပါး အတွက် အချက်ပေး တပ်လှန့်မှုတခု ဖြစ်လာနိုင်ပြီး ဘက်ခမ်းအား အခြားသော ပရီးမီးယားလိဂ် အသင်းအချို့ ကပါ စိတ်ဝင်စား လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here