āတရုတ် နိုင်ငံတွင် အခြေအနေ ပြန်လည်ငြိမ်သက်

alt

သွေးမြေကျ လူမျိုးရေး သတ်ဖြတ်မှုများ ပြီးဆုံးပြီး သီတင်းပါတ် တပါတ်ကျော် အကြာတွင် စင်ဂျန်းရှိ အူရမ်ကွီမြို့ အခြေအနေမှာ ပြန်လည် ငြိမ်သက် အေးချမ်းလာပြီ ဖြစ်ကြောင်း တရုတ်

 အစိုးရပိုင် ဆင်ဟွာသတင်း အေဂျင်စီက ဇူလိုင်လ (၁၃) ရက် နေ့တွင် ကြေညာ ခဲ့သည်။

စင်ဂျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၏ အဆိုအရ ရဲများ၏ ပစ်ခတ်မှုကြောင့် လူ(၂)ဦး သေဆုံးပြီး အချို့မှာ ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သော်လည်း ယခုအခါ ရဲတပ်ဖွဲ့များ၊ စစ်တပ်များနှင့် ဒေသခံ ပြည်သူများကြား ငြိမ်းချမ်းစွာ ဆက်ဆံ နေဆဲဖြစ်ကြောင်း သိရသည်။

တရုတ် ရဲတပ်ဖွဲ့က ၎င်းတို့အနေနှင့် အခြားသော ပြည်သူများကို ရန်ပြုရန် ကြိုးစား နေသူများကိုသာ ပစ်ခတ် တားဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇူလိုင်လ (၅)ရက် နေ့က ပေါ်ပေါက်ခဲ့သော ဟန်နှင့် အူဂါလူမျိုး များကြား အမုန်းပွား သတ်ဖြတ်မှု များကြောင့် လူ(၁၈၄)ဦး သေဆုံးပြီး (၁၆၈၀)ကျော် ဒဏ်ရာများ ရရှိခဲ့သော အတိတ်ဆိုးကြီးသည် ငြိမ်သက် ပြီးဆုံးသွားပြီဟု အူရမ်ကွီ မြို့တော် အုပ်ချုပ်ရေး ကောင်စီက ကြေညာသည်။

လက်ရှိ အချိန်တွင် ငြိမ်ဝပ်ပိပြားမှု ပြန်လည်ရရှိနေပြီး မြို့၏ အခြေအနေ သည်လည်း တစထက်တစ ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မြို့တော် အုပ်ချုပ်ရေး ကောင်စီက ဆင်ဟွာ သတင်းဌာန သို့ ဆက်သွယ် ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here