သီရိလင်္ကာတွင် ငှက်ဖျားရောဂါ ပြန့်နှံ့ ဖြစ်ပွားနိုင်ဖွယ်

alt

မကြာသေးမီ ကမှ ပြည်တွင်း စစ်ပွဲများ ပြီးဆုံးခဲ့သော သီရိလင်္ကာ နိုင်ငံသည် နောက်ထပ် ခြိမ်းခြောက်မှု အသစ် တခုနှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များက တောင် အာရှဒေသရှိ နိုင်ငံအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားနိုင်ခြေသည် သိသားစွာ မြင့်မားလာကြောင်း ၀န်ခံ ခဲ့ကြသည်။ တမီလ် ကျားသူပုန် များအား ထိုးစစ် ဆင်နွှဲခဲ့သည့် စစ်သည်များ နေအိမ်သို့ ပြန်လာကြ ပြီးနောက် ဒေသအနှံ့တွင် ငှက်ဖျားရောဂါ ပြန့်နှံ့ ဖြစ်ပွားမည့် အရိပ် အယောင်များ ပေါ်ပေါက် လာကြောင်း သီရိလင်္ကာ အခြေစိုက် Sunday Times သတင်းစာက ဖော်ပြခဲ့ကြသည်။

ဇန်နဝါရီလမှ ဇွန်လ အတွင်း ငှက်ဖျား ရောဂါ ဖြစ်ပွားမှု (၁၄၂)ခု ခန့် အနည်းဆုံး ရှိခဲ့ပြီး (၁၂၀)မှာ စစ်သားများဖြစ်ကာ (၂၂)ဦးသာ အရပ်သားများ ဖြစ်သည်ဟု သတင်းစာက ဆိုသည်။ ပြီးခဲ့သည့် နှစ်အတွင်းကလည်း သီရိလင်္ကာ နိုင်ငံသား (၆၇၀)မျှ ငှက်ဖျားရောဂါ စွဲကပ်ခြင်း ခံခဲ့ကြရသည်။ 

ယခုအခါ ရောဂါ ဖြစ်ပွားနေသည့် စစ်သား အတော်များများသည် ကျား သူပုန်များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် တောနက်များ အတွင်း ခိုဝင်ခဲ့ရသူများ ဖြစ်နေကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာသည်။ သီရိလင်္ကာ အမျိုးသား ငှက်ဖျားရောဂါ ထိန်းချုပ်ရေး စီမံကိန်းအဖွဲ့မှ ဒါရိုက်တာဖြစ်သူ အာအဘီ ဆင်ဂီး က စစ်တပ်အတွင်း သွေးဖောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါရှိ မရှိ စစ်ဆေးရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

စစ်သားများ အနေနှင့် စစ်ဆင်ရေးများ အတွင်း နေရာမျိုးစုံ ပြောင်းရွှေ့ကာ တာဝန် ထမ်းဆောင်ခဲ့ရသဖြင့် မည်သည့်နေရာမှ ငှက်ဖျား စွဲကပ်လာသည်ကို သိရှိရန် ခဲယဉ်းကြောင်း၊ ထိုရောဂါ အလွန်အကျွံ ပြန့်ပွားခြင်း မရှိအောင် တားဆီးရန် လိုအပ်နေပြီ ဖြစ်ကြောင်း အဘီဆင်ဂီး က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here