မိဘများအား တော်လှန်လိုစိတ်ဖြင့် သီချင်းရေးခဲ့သည့် ကိတ်ပယ်ရီ

alt

နာမည်ကျော် အဆိုတော်မလေး ကိတ်ပယ်ရီက သူမ၏ အကျော်ကြားဆုံး သီချင်းဖြစ်သည့် I Kissed A Girl ကို မိဘများအား တော်လှန်ချင် စိတ်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံလိုက်သည်။

သူမ၏ ငယ်ဘဝသည် တင်းကြပ်သော ဘာသာရေး ထိန်းချုပ်မှုဖြင့် မွန်းကြပ်ခဲ့ကြောင်း ပယ်ရီက ဆိုသည်။ ခရစ်ယာန် ဘာသာကို အလွန်ပြင်းထန်စွာ ယုံကြည်သည့် ပယ်ရီ့မိခင်က သူမသည် သမီးဖြစ်သူ၏ အချို့သော သီချင်းများကို လုံးဝ မနှစ်သက်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ဖူးသည်။

သူမ အနေနှင့် အရာရာကို ဘာသာရေးဖြင့် စံနှုန်း သတ်မှတ်ကာ လိုက်လံ ပိတ်ပင်ခဲ့သည့် မိဘများ လုံးဝမကြိုက်နိုင်သော အဆိုပါ သီချင်းကို တမင်ပင် ဖန်တီးခဲ့ကြောင်း ပယ်ရီက ဆိုသည်။ သူမအနေနှင့် ဘာသာရေးကို မဝေဖန် လိုကြောင်း၊ သို့သော်လည်း သူမ၏ မိဘများက တားဆီး ပိတ်ပင်မှုသည် တင်းကြပ်လွန်းသဖြင့် ညည်းငွေ့ခဲ့မိကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

အရာရာကို ခရစ်တော်၏ အလိုတော် အတိုင်းဟုဆိုကာ ဆုံးမနေခြင်းကို စိတ်ပျက်မိပြီး ယခုအခါတွင် မိဘများကို ဂီတဖြင့် ဆန္ဒပြခဲ့ကြောင်း ပယ်ရီက ဆိုသည်။ ထိုမျှလောက် တင်းကြပ်သော စည်းမျဉ်းများ အောက်တွင် ကြီးပြင်း လာခဲ့သဖြင့် မိဘများ၏ ဘာသာရေး စည်းမျဉ်းများကို တော်လှန်ချင်စိတ် ထက်သန်လာသည်မှာ ဆန်းကြယ်သော ကိစ္စတခုတော့ မဟုတ်ရပါ ဟုလည်း ပယ်ရီက ရှင်းပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here