ရာသီသစ် အတွက် အေစီမီလန် နည်းဗျူဟာ ထုတ်ဖော်ကြေညာ

alt

အေစီမီလန် နည်းပြကြီး လီယိုနာဒို က ၎င်းအနေနှင့် ရာသီသစ်တွင် အသုံးပြုမည့် အသင်း၏ နည်းဗျူဟာအား ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။

မီလန် အသင်း၏ ကစားသမားဟောင်း ဖြစ်သူ ဘရာဇီး နည်းပြသည် ကစားကွက် အနေဖြင့် (၄-၃-၃)ကို အသုံးပြု သွားမည်ဟု ဂယ်ဇက်တိုဒီလို အားကစား စာစောင်သို့ ပြောကြားခဲ့သည်။ ထို ကစားကွက်သစ်ကို မီလန်၏ ရာသီကြို ခြေစမ်းပွဲများတွင် အသုံးပြု သွားမည်ဟု လီယိုနာဒို က ဆိုသည်။

ယခင် နည်းပြဟောင်း ကာလို့(စ်) အန်ဆလော့တီ လက်ထက်က အသုံးပြုခဲ့သည့် (၄-၃-၂-၁) ပုံစံထက် အနီးပေး ဘောလုံးများကို ပိုမို အသုံးပြုသွားမည် ဟုလည်း လီယိုနာဒိုက အရိပ်အမြွက် ပြောကြားထားသည်။အသင်းမှ အဓိက ကွင်းလယ် ဖန်တီးရှင် ရီကာဒိုကာကာ ထွက်ခွာ သွားချိန်တွင် ယခု ကစားကွက်သည် အကိုက်ညီဆုံး ဖြစ်မည်ဟု လီယိုနာဒိုက ယူဆနေသည်။

မီလန်သည် လက်ရှိ အချိန်ထိ အပြောင်းအရွှေ့ ဈေးကွက်တွင် သွေးအေး ငြိမ်သက်နေသော်လည်း လက်ရှိ လူအင်အားကပင် နောက်နှစ် ဘောလုံးရာသီ အောင်မြင်မှုများ ရရှိအောင် ဆောင်ကြဉ်း ပေးနိုင်မည်ဟု လီယိုနာဒိုက ယုံကြည်လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here