Apple Tablet အောက်တိုဘာလတွင် ထွက်ရှိလာဖွယ်

alt

Apple ၏ ပရိသတ်များက မျှော်လင့် စောင့်စားနေကြသည့် Apple Tablet ကွန်ပျူတာများသည် အောက်တိုဘာလ အတွင်း ထွက်ပေါ်လာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထိုင်ဝမ်ရှိ Info Times ၀ဘ်ဆိုဒ်က အဆိုပါသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်ပြီး Touchscreen နည်းပညာကို အသုံးပြုထားသည့် Apple Tablet များသည် ဈေးနှုန်းအားဖြင့် ဒေါ်လာ(၈၀၀) ၀န်းကျင်မျှ ကျသင့်နိုင်ကြောင်း သုံးသပ်ထားသည်။

ထိုTablet များတွင် Keyboard သီးသန့် ပါရှိတော့မည် မဟုတ်ဘဲ လုပ်ဆောင်ချက် အားလုံးကို အကျယ် (၉.၇) လက်မရှိသော မျက်နှာပြင်ပေါ်တွင် လက်ဖြင့် ထိတွေ့ကာ ပြုလုပ် နိုင်ဖွယ်ရှိကြောင်း Info Times တွင် ရေးသား ထားသည်။ Info Times ၏ အဆိုအရ Apple ၏ ဈေးကွက် ထိုးဖောက်ရေး မဟာဗျူဟာအရ အောက်တိုဘာလသည် ထို Tablet များကို စတင်ရောင်းချရန် အကြောင်းအခွင့် အသင့်ဆုံးအချိန်ဟု မှတ်ချက် ပြုထားသည်။

ထို Tablet များသည် (၂၀၀၉)ခုနှစ်၊ ခရစ္စမတ်ကာလ၏ အကျော်ကြားဆုံး လက်ဆောင် ပစ္စည်းလည်း ဖြစ်လာနိုင်သည်ဟု Info Times က ဖော်ပြခဲ့သည်။ ထို သတင်းများကို Apple ကုမ္မဏီက အတည်ပြုချက် မပေးထားသလို ငြင်းဆန်ခြင်းလည်း မရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here