āထီဆုကြီး ကိုးကြိမ်ပေါက်သည့် အံ့ဖွယ် အမေရိကန်သူ

alt

ဘရန်ဒါ ဘေလီ အမည်ရှိ အမေရိကန် အမျိုးသမီးသည် သူမ နေထိုင်ရာ ဒေသဆိုင်ရာ ထီဆုကြီးကို (၉)ကြိမ် မြောက် ပေါက်သွားပြန်ပြီ ဖြစ်သည်။

အနောက် ဗာဂျီးနီးယားတွင် နေထိုင်သည့် ဘရန်ဒါသည် Gem7 Online ထီဆုတွင် ဒေါ်လာ(၇၀၀၀) ရရှိသွားကြောင်း သိရှိ ရသည်။ ယခုတစ်ကြိမ် ကံထူးမှုသည် သူမ၏ အနောက် ဗာဂျီးနီးယား ကံစမ်းမှု သမိုင်းတလျှောက် နဝမ အကြိမ်မြောက် အောင်ပွဲလည်း ဖြစ်သည်။

ထို ထီပေါက်မှုနှင့် အတူ နောက်ဆုံး (၅)ကြိမ်တွင် သူမ ရရှိထားသော ထီဆု တန်ဖိုးမှာ ဒေါ်လာ (၁၅၉၀၀၀)ဖိုး အထိ ရှိလာမည် ဖြစ်သည်။ အနောက် ဗာဂျီးနီးယား Online ထီဆိုင်ရာ အာဏာပိုင်များက ဘရန်ဒါ ရရှိသော ဆုကြေး ပမာဏမှာ ဒေါ်လာ (၁၆၅၈၀၀) အထိ ရှိလာခဲ့ကြောင်း ပြောဆို ခဲ့ကြသည်။

သူမသည် ထိုထီများကို (၂၀၀၀)ပြည့် နှစ်ကတည်းက စွဲစွဲမြဲမြဲ ထိုးလာခဲ့ခြင်း ဖြစ်သည်။ ဘရန်ဒါသည် သူမ၏ မိသားစုထဲတွင် ကံကောင်းနေသည့် တဦးတည်းသော ပုဂ္ဂိုလ် မဟုတ်ဘဲ သူမ၏ခင်ပွန်း ရစ်ချတ် ကလည်း ဇန်နဝါရီလက ဒေါ်လာ(၆၀၀၀)နှင့် စက်တင်ဘာလ နှောင်းပိုင်းက ဒေါ်လာ(၁၀၀၀၀)တို့ ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here