ကမာ္ဘ့ သက်ရှိများ မျိုးသုဉ်း ပျောက်ကွယ်နိုင်ကြောင်း ဇီဝဗေဒ ပညာရှင်သတိပေး

alt

အမေရိကန်မှ ဇီဝဗေဒ ပညာရှင်တစ်ဦးက (၂၁)ရာစု နှစ်အတွင်း ကမာ္ဘ့သက်ရှိ မျိုးစိတ် စုစုပေါင်း၏ (၃)ပုံ (၂)ပုံ ခန့်သည် အပြီးအပိုင် မျိုးသုဉ်း ပျောက်ကွယ် သွားနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။

အချို့သော မျိုးစိတ်များသည် လူသားများက ဖော်ထုတ် မှတ်တမ်းတင်နိုင်ခြင်း မရှိသေးမီမှာပင် ကမာ္ဘပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားကြောင်း မစ္ဇူရီ ရုက္ခဗေဒဥယျာဉ်မှ ဥက္ကဌ ပီတာရေဗန်က ပြောကြားခဲ့သည်။ ၎င်းသည် အဆိုပါ မှတ်ချက်ကို နိုင်ငံတကာ ဇီဝသက်ရှိများ ထိန်းသိမ်းရေး ကွန်ဂရက်တွင် ထုတ်ဖော် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိ အခြေအနေအရ မျိုးစိတ် ထောင်ဂဏန်းခန့် နှစ်စဉ် မျိုးသုဉ်းနေကြောင်း၊ မကြာမီ ကာလအတွင်း နှစ်စဉ် ပျောက်ကွယ်နေသည့် မျိုးစိတ် အရေအတွက်သည် သောင်းဂဏန်း အထိ မြင့်လာနိုင်ကြောင်း ရေဗန်က ပြောကြားခဲ့သည်။

အာရှတိုက်တွင် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံတွင် ကျင်းပသော အစည်းအဝေးတွင် နိုင်ငံပေါင်း (၇၄)ခုမှ ဇီဝဗေဒဆိုင်ရာ လေ့လာမှုပေါင်း (၁၂၀၀)ကျော် အတွက် ဆွေးနွေးခဲ့ကြသည်။ ကမာ္ဘ့သားရိုင်း တိရစာ္ဆန် မျိုးစိတ်များ ယခုကဲ့သို့ လျင်မြန်စွာ လျော့နည်းနေမှုအား ကာကွယ်ရန် ပညာပေး လှုပ်ရှားမှုများနှင့် သတင်း ဖြန့်ချီရေးဆိုင်ရာ လုပ်ငန်းများကို ယခုထက်ပိုမို အသားပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း ရေဗန်က တိုက်တွန်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here