ရှဉ့်တစ်ကောင်ကို ကယ်တင်သူ တစ်ဦး သေဆုံးခဲ့ရ

alt

ရှဉ့်တစ်ကောင်ကို ကယ်တင်ရန် ကြိုးစားရင်း လူတစ်ဦး အသက် ပေးလိုက်ရကြောင်း ကိုလံဘိုထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင်က ဇူလိုင်လ (၁၃) ရက်နေ့တွင် ဖော်ပြခဲ့သည်။

အသက် (၄၀) အရွယ် သီရိလင်္ကာ အမျိုးသားသည် ရေနစ်နေသည့် ရှဉ့်ကလေး အား စွန့်စွန့်စားစား ကယ်တင်ရင်း သေဆုံးခဲ့ရခြင်း ဖြစ်သည်။ Daily Mirror သတင်းစာ၏ အဆိုအရ တီလက် ရာဂျာကာ ရူနာသည် ပေ(၆၀) နက်သော ရေတွင်းထဲတွင် ကျနေသည့် ရှဉ့်လေးအား ကြိုးစား ဆယ်တင်စဉ် ၎င်းပါ ရေတွင်းထဲ ပြုတ်ကျပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရာဂျာ ကာရူနာသည် သတ္တဝါငယ်လေးအား အင်္ကျီအိတ်ထဲ ထည့်ပြီး ရေတွင်းပေါ် ပြန်တက် လာချိန်တွင် ကြောက်လန့်နေသော ရှဉ့်ငယ်က ခုန်ထွက်လာကာ ၎င်း၏လက်ကို ကိုက်ခဲခဲ့သဖြင့် လက်လွတ်ပြီး ရေတွင်းထဲ ပြန်ကျသွားခြင်း ဖြစ်သည်။

ရှဉ့်ငယ်မှာ လွတ်မြောက် သွားခဲ့သော်လည်း ကံဆိုးရှာသည့် ရာဂျာကာရူနာသည် ရေတွင်းကြမ်းပြင်ကို ခေါင်းနှင့်ဆောင့်မိကာ အသက် ဆုံးရှုံးခဲ့ရ ရှာသည်။ ၎င်းအား ဇနီးဖြစ်သူက တွေ့ရှိပြီးနောက် ရာဂါမာ ဆေးရုံသို့ အမြန် တင်ပို့သော်လည်း ခေါင်းမှဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့် အသက်မမီတော့ကြောင်း ဆရာဝန်များက အတည်ပြုခဲ့သည်။

ရာဂျာ ကာရူနာ အနေနှင့် ရှဉ့်ငယ်အား ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုရှဉ့်ကပင် ၎င်း၏အသက်ကို ဆုံးပါးစေခဲ့ကြောင်း ကြေကွဲနေသည့် ဇနီးသည်က ၀မ်းနည်း ကြေကွဲမဆုံး ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here