အမေရိကန် ကုမ္မဏီ အများစု Windows 7 အမြန် မပြောင်းလဲချင်

alt

အမေရိကန် ကုမ္မဏီ (၁၀)ခုတွင် (၆)ခုက ၎င်းတို့ အနေနှင့် လက်ရှိ အသုံးပြုနေသော OS စနစ်မှ Windows 7 သို့ အလျှင်စလို အဆင့်မြှင့်ရန် ဆန္ဒ မရှိကြောင်း သဘောထား ပေးခဲ့ကြသည်။

အမေရိကန် ကုမ္မဏီ စုစုပေါင်း၏ (၆၀) ရာခိုင်နှုန်းမျှသည် Microsoft က မကြာမီ ထုတ်ဝေ တော့မည်ဟု ကြေညာထားသော Windows-7 ကို (၂၀၁၀) နှောင်းပိုင်း အထိ အဆင့်မြှင့် သုံးစွဲလိုခြင်း မရှိသေးကြောင်း ဆန္ဒပြုခဲ့ကြသည်။

ကုမ္မဏီ အရေအတွက် စုစုပေါင်း (၅.၄) ရာခိုင်နှုန်းက ယခုနှစ်ကုန်တွင် Windows-7 ကို စတင် အသုံးပြုမည်ဟု စစ်တမ်းအား ပြုစုကောက်ခံသည့် Scriptlogic သို့ ပြောကြားခဲ့ကြသည်။ ကုမ္မဏီ အရေအတွက် (၄၀) ရာခိုင်နှုန်း ခန့်က (၂၀၁၀)နှစ် ဆန်းပိုင်း ၀န်းကျင်တွင် Windows-7 ကို အသုံးပြုရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ရာ ကမာ္ဘ့ စီးပွားပျက်ကပ်ကြောင့် Windows-7 ရောင်းချရေး စိုးရိမ်နေရသော Microsoft အတွက် အသက်ရှူ ချောင်စရာ ဖြစ်ခဲ့ရသည်။

သို့သော်လည်း Microsoft အနေနှင့် မျှော်မှန်းထားသော အတိုင်းအတာ အထိ အောင်မြင်မှု ရရှိစေရေးတွင် ရုန်းကန် ရဖွယ်ရှိကြောင်း Scriptlogic က သုံးသပ်ခဲ့သည်။ ထို့အပြင် သဘောထား ကောက်ခံသည့် ကုမ္မဏီများ၏ (၃၉) ရာခိုင်နှုန်းက Windows -7 သည် လက်ရှိ၎င်းတို့ သုံးစွဲနေသော Software များနှင့် ကိုက်ညီမှု ရှိမရှိကို စိုးရိမ်နေကြဆဲဟု သိရသည်။

ထို့အပြင် (၈.၄) ရာခိုင်နှုန်းက Windows-7 တွင် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ချွတ်ယွင်းချက်များ ပါရှိ လာနိုင်သေးသည်ဟု ယူဆ နေကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here